ဒူးအရိုးအဆစ်ရောင်ခြင်း မဖြစ်မီ သတိပေးလက္ခဏာများ
Paolo Hospital Rangsit
ဒူးအရိုးအစစ်ရောင်ခြင်းမဖြစ်မှီ သတိပေးသောလက္ခဏာများ


          အရိုးအစစ်ရောင်ရောဂါသည်အဓိကအားဖြင့်အသက်အရွယ်ကြီးရင့်ခြင်းကြောင့်ဖြစ်သောဒူးဆစ်အတွင်းရှိအရိုးနုများကိုယိုယွင်းလာခြင့်ကြောင့်ဖြစ်ပေါ်လာသောလက္ခဏာဖြစ်သည်၊အလွန်ဝခြင်းစည့်အကြောင်းအရင်းများပါဝင်သည့်ဒဏ်ရာရရှိခြင်း သို့မဟုတ် မျိုးရိုးလိုက်ခြင်းစသည်တို့ကို သေချာသောကုသမှုခံယူခြင်းမလုပ်ပါက ရောဂါသည်နာကျင်ခံစားရတဲ့အထိအကန့်အသတ်မရှိဆက်လက်ရှိနေနိုင်မည်ဖြစ်ပြီးကျွနုပ်တို့၏နေ့စဉ်ဘဝအတွက်အခက်အခဲများစွာနှင့်အဆင်မပြေမှုတွေကိုကြုံတွေ့ရမှာဖြစ်ပါသည်။


ဒူးအရိုးအဆစ်ရောင်ခြင်းကိုဖြစ်သေယန္တရားများ

          ဒူးဆစ်အသုံးပြုမှုယိုယွင်းခြင်းနှင်ဝတ်ဆင်ခြင်းတို့ကြောင့်ဖြစ်ပေါ်လာသေရောဂါသည် ဘဝအတွက်နေထိုင်ရအခက်အခဲဖြစ်ရောရောဂါဖြစ်သည်၊ဒူးကောင်းသည် မတ်တပ်ရပ်ခြင်း လမ်းလျှောက်ခြင်း ပြေးခြင်းခန္ဓာကိုယ်အ၏အလေးချိန်ကို ထောက်ပံ့ပေးရန်အရေးကြီးသောအင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်သည်ဆိုပေမဲ့လူအများစုမှာဒူးကျန်းမာရေးကို အာရုံစိုက်လေ့မရှိကြပေ။အသ်ကြီးလာသောအခါ ဒူးတစ်ဝိုက်ရှိအထောက်အကူပြုသောကြွက်သားများသည်တစ်ဖြည်းဖြည်းအားနည်လာသောကြောင့်ကိုယ်အလေးချိန်ကိုထမ်းရသောဝန်သည်ဒူးဆစ်များအပေါ်ကျရောက်လာသည့်အခါ အဆစ် အရိုးနုများကို ယိုယွင်းလာစေပြီးအဆက်မပြတ်ရှော့ခ် ဖြစ်တဲ့အခါ ဒူးဆစ် နာကျင်ခြင်းရောင်ရမ်းခြင်းလက္ခဏာများကိုခံစားရမှာဖြစ်ပါသည်။



အရိုးအဆစ်ရောင်ခြင်းကိုဖြစ်စေနိုင်သောလက္ခဏာ(၅)ချက်ဖြင့်သင့်ကိုယ်သင်အနည်းငယ်သတိပြုရန်လိုအပ်ခြင်

  1. ဒူးခေါင်းအတွင်းအသံ”ကလော့ကလက်”မြည်ခြင်းသည်အရိုးမျက်နှာပြင်တစ်ခုနှင့်တစ်ခုပွတ်တိုက်ခြင်းကြောင့်ဖြစ်ပေါ်လာသောအသံဖြစ်သည်၊ပုံမှန်အားဖြင့် ကိုယ်အလေးချိန်ကိုသယ်ဆောင်ရန်အရိုးကြားမှာရှိနေသောအရိုးချပ်ပြားသည် အဆစ်မျက်နှာပြင်တစ်ခုနဲ့တစ်ခုမတိုက်မိရန်ကာကွယ်ပေးပြီးအဆစ်များချောမွေ့စွာရွေ့လျားရန်ကူညီပေးခြင်းဖြစ်ပါသည်။သို့သော်တစ်ချို့သော အသက်ကြီးသူများ သို့မဟုတ် ဒူးဆစ်တွင်တိုက်ရိုက်မတော်တဆဖြစ်ဖူးသူများ အရိုးချပ်ပြားမရှိသည့်အခါ အဆစ်မျက်နှာပြင်တစ်ခုနဲ့တစ်ခုပွတ်တိုက်ခြင်းဖြစ်ပြီးအသံမြည်နေတာကိုကြားရမှာဖြစ်ပါသည်။
  2. မနက်အိပ်ယာနိုးရာတွင်ဒူးတွေတောင့်တင်းပြီးဒူးဆန့်ဒူးကွေးရန်ခက်ခဲခြင်းဒူးကိုအချိန်အကြာကြီးဖြောင့်ထားပြီးမှသာလျင်လမ်းလျှောက်လို့ရပါသည်၊ဤလက္ခဏာသည်ရိုးတွင်းဆီနည်းလာတာကြောင့်ဖြစ်ပေါ်လာသောလက္ခဏာဖြစ်သည်၊ရိုးတွင်းဆီသည်ဉပမာအနေနဲ့ပြောရမယ်ဆိုရင်”ကားအင်ဂျင်ဝိုင်လိုစက်ကိုချောမွေ့စွာလည်ပတ်နိုင်အောင်လုပ်ဆောင်ပေးသောချောဆီတစ်မျိုးဖြစ်သည်၊ရိုးတွင်းဆီလျော့နည်းသွားသည့်အခါအရိုးချပ်ပြားသည်အဟာရလုံလောက်စွာရရှိနိုင်ခြင်းမရှိသောကြောင့်တစ်ဖြည်းဖြည်းယိုယွင်းလာတာကိုမြင်တွေ့ရမှာဖြစ်ပါသည်။
  3. ဒူးအဆစ်များ၏နာကျင်ခြင်းအကြောင်းအရင်း(၂)မျိုးရှိခြင်း
    - ဒူးပြုတ်ခြင်းဖြစ်ရာမှ ဒူးအနားတစ်ဝိုက်ရှိနေသောကြွက်သားများသည် တောင့်တင်ပြီးဆိုးရွားသောနာကျင်မှုကိုခံစားရပါသည်
    - အဆစ်မျက်နှာပြင်အချင်းချင်းပွတ်တိုက်ခြင်းကြောင့်ဖြစ်ပေါ်လာခြင်း၊အဘယ်ကြောင်ဆိုသော်အရိုးထဲတွင်အာရုံကြောများရှိနေသောကြောင့်အဆစ်မျက်နှာပြင်တစ်ခုနဲ့တခုပွတ်တိုက်မိသောအခါ နာကျင်မှုကိုပိုမိုခံစားရပါသည်။
  4. ပုံမှန်ဖြစ်သောတောင့်တင်းသောဒူးဆစ်သည် အများအားဖြင့် ဒူးကိုအပြည့်အဝကွေးနိုင်ပြီးဒူးခေါက်ဒူးဆန်ရနိုင်ပါသည်၊ဒူးဆစ်ရောင်ရောဂါဖြစ်လာတဲ့အခါ ဒူးကိုအပြည့်အဝကွေးဆန့်လို့မရတော့ပဲတစ်ဝက်လောက်သာကွေးနိုင်ပြီ ဒူးခေါင်းကိုဖိလိုက်သောအခါ ပြင်းထန်သောနာကျင်မှုကိုချက်ချင်းခံစားရပါသည်
  5. ဒူးအနားတစ်ဝိုက်ရှိကြွက်သာများအားနည်းခြင်း ညောင်းညာခြင်းသည်အဆင့် ၂ ဆင့်ခွဲပြီး ပထမအဆင့်တွင်လမ်းလျှောက်ခြင်း ပြေးခြင်း လှေခါးထစ်တက်ခြင်း သို့မဟုတ်များသွားသောလုပ်ရှာခြင်းသည်ဒူနာခြင်လက္ခဏာကိုစတင်နာကျင်ပြီးဒူးခေါင်းအသုံးပြုနည်းလာသည့်အခါခံစားရသောလက္ခဏာသည်ပြန်လည်သက်သာလာမည်ဒူးနာခြင်းသည်အချိန်အကြာကြီးရပ်လိုက်ရင်တောင့်တင်းလာပြီးအဆစ်ကိုလုပ်ရှာတဲ့အခါအဆဆစ်မျက်နှာပြင်တွေရဲ့တစ်ခုနဲ့တစ်ခုပွတ်တိုက်ခြင်းကြောင့်အသံမြည်ပြီးပြင်းထန်ထံစွာခံစားရပါသည်၊တစ်ခါတစ်ရံညပိုင်းတွင်ကြွက်သားများတောင့်တင်းချိန် မှာအရမ်းနာကျင်လာပါသည်အကယ်၍ရောင်ရမ်းပြီးဒူးထဲအရည်တေရှိနေပါကအရိုးအဆစ်ရောဂါသည်အချိန်ကြာမြင့်စွာဖြစ်လာတာကြောင့်ဒူးအပြည့်အဝကွေးလိုမရတာကိုမြင်တွေ့ရပါသည်



         အထက်ပါဖော်ပြထားသောလက္ခဏာရှိသူများသည် အချိန်ကြာမြင့်စွာရှိလာပါက ကုသမှုခံယူရန် အထူးကုဆရာဝန်တွေနဲ့တိုင်ပင်ဆွေးနွေးဖို့လိုအပ်ပါသည်၊ဒူးဆစ်သည် ခန္ဓာကိုယ်ဟန်ချက်ညီအောင်ပံ့ပိုးပေးသောအင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်သောကြောင့် ကြိုတင်ကုသခံယူမှုမရှိပါက ဒူးအရိုးအဆစ်ရောင်းရမ်းခြင်းကိုပိုမိုပြင်းထန်လာပြီး နေ့စဉ်ဘဝကိုထိခိုက်နိုင်ပါသည်


ကျွနုပ်တို့ကိုဆက်သွယ်ရန်
02-577-8111 Ext. 1432
(တနင်္လာ-သောကြာ အချိန် 08.00-17.00)