ဒူးအရိုးဆစ်ရောင်ရောဂါသည် အသက်အရွယ်တိုင်းအတွက်အန္တရယ်ရှိခြင်း
Paolo Hospital Rangsit
15-Jun-2023
ဒူးအရိုးဆစ်ရောင်ရောဂါသည် အသက်အရွယ်တိုင်းအတွက်အန္တရယ်ရှိခြင်

          ဒူးနာခြင်း၊ ဒူးတုန်ခြင်း၊ လမ်းလျှောက် အဆင်မပြေခြင်း" သည် ပုံမှန်ဖြစ်နေကျလက္ခဏာ သို့မဟုတ် အန္တရာယ်ရှိသော လက္ခဏာအချက်ကိုယ့်ကျန်းမာရေးကိုကာင်းစေချင်သောလူအများစုမှာပြင်းထန်တဲ့ရောဂါက်ုဘယ်သူမှမလိုလားကြပါဘူး နှစ်စဉ်ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းအပြင် သင့်ကိုယ်ပိုင်ပြောင်းလဲမှုများကို မကြာခဏစောင့်ကြည့်ရန် အရေးကြီးပါသည်။ အရွယ်မတိုင်ခင် ဒူးအရိုးအဆစ်ပျက်စီးမှုမဖြစ်အောင် စောစောစီးစီး တားဆီးနိုင်တယ်ဆိုတာ သင်သိပါသလား။ သေးငယ်သော မူမမှန်မှုများကိုကိုယ်တိုင် သတိပြုခြင်းပဲဖြစ်ပါ။

သေးမွှားသောအရာလို့ထင်ပြီးတတကယ်မသေးသောအရာ

          မကြာခဏ ကျွန်ုပ်တို့သည် ကျန်းမာရေးကောင်းတယ်ဆိုပြီးမိမိကိုယ်ကို တွေးထင်တတ်ကြသည်။ တခါတရံ ကြီးကျယ်တဲ့ ရောဂါလက္ခဏာတွေကိုပဲသတိထားတတ်ကြပြီး သေးမွားသောကိစ္စဖြစ်တယ်လိုထင်တဲ့ ဒူးနာခြင်း၊ မတ်တပ်ရပ်ရန် ခက်ခဲခြင်း ဒူထောက်ချိန်မှာအသံကလော့ကလဲ့မြည်ခြင်း ဒီလိုရောဂါလက္ခဏာမျိုးသည် လူတိုင်းမှာပုံမှန်ဖြစ်နေကြတဲ့လက္ခဏာပါပဲလို့ထင်ပြီး အထူးဂရုမစိုက်ကြပါဘူး။ တကယ်တမ်းကြတော့ဒီလိုရောဂါလက္ခဏာမျိုးသည်ကုသခံယူခြင်းမလုပ်ပဲအချိန်ကြာရှည်စွာထားခြင်းသည် အရိုးအဆစ်ရောင်ရောဂါကိုသူ့အလိုလိုဖြစ်လာလိမ့်မည်



ဒူးအရိုးအဆစ်ရောဂါ မဖြစ်ခင်မှာ ဘာတွေ သတိထားမိနိုင်မလဲ
  •  မတ်တပ်ရပ်ခြင်း သို့မဟုတ် လမ်းလျှောက်သည့်အခါ အဆစ်များတွင် အသံမြည်ခြင်း။
  •  ဒူးနာခြင်း။ တစ်ချို့လူတွေက နှိပ်လိုက်တာနဲ့နာကျင်တာတို့ တစ်ချို့လူတွေက ဘာမှမလုပ်လဲ သူ့အလိုလိုနာကျင်တာလဲရှိပါတယ်
  •  ဒူးခေါင်းကအသံမမြည်ပေမဲ့လုပ်ရှားတဲ့အခါမှာတောင့်တင်းပြီးတစ်ခုခုများလွဲနေသလိုခံစားရပါသည်
  •  ထိုင်ထ သို့မဟုတ် တင်ပျဉ်ခွေပြီး နာကျင်မှုကို ခံစားရခြင်း။ ဒါမှမဟုတ် တစ်ခါတလေ အရမ်းကြပ်လွန်းလို့ ထိုင်လို့တောင် မရပါဘူး။
  •  တစ်ခါတလေ မနက်အိပ်ရာကတဲ့အခါမှာ သင့်ခန္ဓာကိုယ်ကို အပြည့်အဝ မလှုပ်ရှားနိုင်တော့သလို ခံစားရပါလိမ့်မယ်။
  •  လှေကားအတက်အဆင်း၊ မာရသွန်ပြေးတာ၊ တင်းနစ်ကစားတာတွေကို အချိန်ကြာလာတာနဲ့အမျှ (ဒူးခေါင်းကို ဖိအား ဖြစ်စေသော ပုံမှန်အပြုအမူများနှင့်မကြာခဏဆောင့်ခံထိခြင်းတို့သည် ဒူးအရိုးအဆစ်ရောင်ရောဂါကို ဖြစ်စေသော အကြောင်းရင်း တစ်ခုဖြစ်သည်။

          အမျိုးမျိုးသောလက္ခဏာများပြောရမယ်ဆိုရင်သူတို့ဟာအချိန်ကြာကြီးတစ်လျှောက်လုံးမှာကုသမှုကိုတစ်ခါမှခံယူမှုမရှိခြင်းဆရာဝန်တွေနဲ့လဲတိုင်ပင်ဆွေးနွေးမှုမရှိခြင်း ဤအရာအားလုံးသည် နောက်ဆုံးမှာ အရိုးအဆစ်ရောင်ခြင်းကို ဖြစ်စေသောအချက်တွေဖြစ်ပြီး ပြင်းထန်မှုအတိုင်းအတာသည် အခြားအပြုအမူများပေါ်တွင်မူတည်ခြင်းဖြစ်ပါသည်။



ဒူးမပျက်ချင်လျှင်ဘယ်လိုကာကွယ်ရမလဲဆိုတာစောစောသိဖို့လိုပါတယ်
          အစကဖြစ်ပေါ်သွားတဲ့ပုံမှန်မဟုတ်သောအရာများကိုကြိုတင်သတိထားခြင်းထို့အပြင်ကိုယ်ကျန်းမားရေးကို ဂရုစိုက်နိုင်အောင်ကြိုးစားပြီးခန္ဓာကိုယ်ရဲကျန်းမာမှုကိုဂရုစိုက်ခြင်းသည်ဒူးပျက်ခြင်းရဲ့လက္ခာကိုကာကွယ်ပေးနိုင်ခြင်းဖြစ်ပါသည်။ဉပမာ ဒူးနာခြင်းလက္ခဏာစတင်ခံစားရပါကဒူးရဲ့ထိခိုက်မှုကိုအထောက်အကူပြုစေမဲ့ ဒူးစွတ်ကိုအသုံးပြုဖို့လိုအပ်ပါသည်။ရေကူးခြင်း၊စက်ဘီးစီးခြင်းကဲ့သို့သင့်ဒူးပေါ်တွင် ထိခိုက်မှုနှင့်ပွတ်တိုက်မှုကို လျှော့ချစေမဲ့လေ့ကျင့်ခန်းမျိုးရှာဖွေဖို့လိုအပ်ပါသည်။အချိန်ကြာကြီးမတ်တတ်ရပ်ခြင်းနှင့်ကြာကြာထိုင်ခြင်းသည်မပြုသင့်သောအရာဖြစ်သည်၊ဒူးအရိုးအဆစ်ကို ထိခိုက်အန္တရယ်ပေးနိုင်သောအမူအကျင့်များသည်ရှောင်ရှားရမှာဖြစ်ပြီး ထိရောက်မှုမရှိသောကုသမှုနဲ့ကိုကိုယ်တိုင်မကုသဖို့တိုက်တွန်းခြင်ပါသည်၊ဖြစ်နိုင်လျင်အထူးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးရောဂါကုသခြင်းသည်ထိရောက်မှုရှိပြီးအကောင်းဆုံးနည်းနမ်းတစ်ခုဖြစ်ပါသည် ။

"အရိုးအဆစ်ရောင်ရောဂါ" ကိုနက်ရှိုင်းသောနည်းပညာများနှင့်ကုသခြင်း
          အသက်ကြီးလာသောအခါ အမျိုးမျိုးသော ကျန်းမာရေးပြဿနာများသည် တစ်ဦးနှင့်တစ်ဦး အဆက်မပြတ် လွှမ်းမိုးနေပါသည်။ အရိုးနှင့် ကြွက်သားများဆိုင်ရာ ရောဂါများနှင့်အရိုးအဆစ်ရောင်ရောဂါသည်ဝေဒနာတွေခံစားရပြီးကျွန်ုပ်တို့၏ဘဝများကိုအလွန်ထိခိုက်စေသောကျန်းမာရေးပြဿနာတစ်ခုဖြစ်သည်။

အရိုးအဆစ်ရောင်ရောဂါ ၏ထူးခြားသောလက္ခဏာများသည်
          ရွေ့လျားသည့်အခါ ပွတ်တိုက်မှုမဖြစ်အောင် အဆစ်အရိုးများ၏ မျက်နှာပြင်ကို ဖုံးအုပ်ထားသော အရိုးနုများ ယိုယွင်းလာခြင်းကြောင့် ဖြစ်ပေါ်လာသော အခြေအနေတစ်ခုဖြစ်သည်။ ကိုယ်ခန္ဓာကို လှုပ်ရှားတဲ့အခါ၊ ထခြင်း၊ ထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်းစသဖြင့်အဆစ်များသည် တစ်ခုနှင့်တစ်ခု သဟဇာတဖြစ်အောင် အဆက်မပြတ်လုပ်ဆောင်နေပါသည်။ သို့သော် အရိုးနုတွေ ယိုယွင်းလာတဲ့အခါ၊အဆစ်တွေအချင်းချင်းပွတ်တိုက်ရင်းရောင်ရမ်းလာပြီးသင့်ခန္ဓာကိုယ်သည်ပုံမှန်လိုမလှုပ်ရှားနိုင်တဲ့အထိနာကျင်ခံစားရပြီးဘ၀ရဲ့နေ့စဉ်ဖြတ်သန်းခြင်းကို များစွာထိခိုက်စေပါသည်။

အသက်ကြီးလာသည်နှင့်အမျှ ရောဂါ၏အရေးကြီးသောအချက်များသည် ခန္ဓာကိုယ် ယိုယွင်းလာနိုင်ပါသည်။
          အရိုးအဆစ်ရောင်ရောဂါ သည် အများအားဖြင့် အသက်အရွယ်နှင့် ဆက်နွှယ်သော ယိုယွင်းမှုများကြောင့်ဖြစ်သည်။ အရိုးအဆစ်ရောင်ရောဂါသည် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး များသောအားဖြင့် အသက် 60 နှစ်အထက် သက်ကြီးရွယ်အိုအများစုမှာ တွေ့ရများပြီးသာမကကိုယ်အလေးချိန်များခြင်း၊အဆစ်အမြစ်ရောင်လေးဘက်နာရောဂါသို့မဟုတ်အဆစ်အမြစ်ကိုပြင်းထန်စွာထိခိုက်စေတဲ့တစ်ချို့သောလေးကျင့်ခန်းလုပ်ရာမှာထပ်ခါဒဏ်ရာရရှိခြင်းတို့ဖြစ်ပါသည်



ဒူးအရိုးအဆစ်ရောင်ရောဂါရှာဖွေခြင်း
          ဒူးအရိုးအဆစ်ရောင်ရောဂါသည် ဒူးX-Ray ရိုက်ခြင်းမှFlimပေါ်တွင် တွေ့မြင်ရသောကျဉ်းမြောင်းနေသည့်ကွာဟချက်သည် အပေါ်ဒူးဆစ်နှင့်အောက်ဒူးဆစ်ကြား ရှိနေသောအရိုးနုပြားပျက်စီးသွားတာကို ပြသခြင်းဖြစ်ပါသည်ထို့အပြင်ဆရာဝန်သည်ဒူးနာသည့်ရာဇဝင်ကိုယူပြီးမိသားစုသမိုင်းတွင်ဒူးအရိုးအဆစ်ရောင်ရောဂါဖြစ်မဖြစ်မေးမြန်းသည့်အပြင်လူနာကိုဒူးကွေးဒူးဖြောင့်လုပ်နိုင်စွမ်းရှိမရှိထပ်မံစမ်းသပ်ရမှာဖြစ်ပါသည်

အရိုးအဆစ်ရောင်ခြင်းအတွက် ကုသမှုလမ်းညွှန်ချက်များ အား အဘယ်နည်း။
1. ဆေးဝါးမဟုတ်သော ကုသမှုဒူးအရိုးအဆစ်ရောဂါအကြောင်း အသိပညာပေးခြင်း သည် အမျိုးမျိုးသောအန္တရာယ်အချက်များလျှော့ချရန် နှင့် နာကျင်မှုအပါအဝင်ဒူးတစ်ဝိုက်ရှိ ကြွက်သားများအတွက်လေ့ကျင့်ခန်းလုပ်ခြင်း၊လမ်းလျှောက်တုတ်အသုံးပြုခြင်းကဲ့သို့သောအထောက်အကူပစ္စည်းများကိုအသုံးပြုခြင်း။အားကောင်းစေသောကျန်းမာရေးဖိနပ်ကိုအသုံးပြုခြင်း ။ ဒူးထောက်များအသုံးပြုခြင်း။ ဒူးဆစ်၏ တည်ငြိမ်မှုကို ခိုင်ခံ့စေရန်အတွက် ဒူးစွပ်များကို အသုံးပြုခြင်း။ ဒူးနာ ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ နာကျင်မှုကို လျှော့ချရန်နှင့် သက်ကြီးရွယ်အိုများတွင် ဒူးနာခြင်းကို တိုးမြှင့်ရန် ကူညီပေးခြင်းတို့ ပါဝင်သည်။ အခြားနည်းလမ်းများတွင် လေဆာ၊ အပ်စိုက်ကုထုံးနှင့် အအပူဓာတ်ပေးပြီး သံလိုက်စက်ကွင်းများအသုံးပြုခြင်း။ ဤကုသမှုသည် အထူးကုဆရာဝန်ဆုံးဖြတ်ချက်ပေါ်မှာမူတည်ခြင်းဖြစ်ပါသည်

2. ဆေးဝါးကုသမှု
ဆရာဝန်သည်လူနာတစ်ဦးချင်းစီ၏ရောဂါလက္ခဏာများအလိုက်သင့်လျော်သောသောက်ဆေးနှင့်လိမ်းဆေးကိုအသုံးပြုခြင်းဖြစ်ပြီးလက်ရှိအရိုးအဆစ်ရောင်ရောဂါကိုထိန်းပေးနိုင်သောဆေးဝါးများသည်
- Paracetamol နှင့်အကိုက်အခဲပျောက်ဆေးသည်ရောဂါလက္ခဏာများကိုရှေ့ဦးစွာ

ထိန်းချုပ်ရန်အဖွဲ့ဝင်ဆေးဖြစ်သည်။
- glucosamine sulfate ကဲ့သို့သော အဆစ်များ၏ ဖွဲ့စည်းပုံကို ပြုပြင်မွမ်းမံနိုင်သောဆေး ၊ ရောဂါ ဖြစ်ဖို့ နှေးကွေးအောင် ထိန်းချုပ်ပေးသောဆေး သည်အရိုးအကြောအဆစ်ရောင်ခြင်းအတွက် နာကျင်မှုကိုလျှော့ချရန်အစားထိုးဆေးတစ်မျိုးဖြစ်သည်။- အရိုးအဆစ်တွင်းချောဆီထိုးသွင်းခြင်းသည် နာကျင်မှုကိုလျှော့ချရန်နှင့်ရွေ့လျားနိုင်မှုကိုတိုးတက်စေမည့်ရွေးချယ်မှုတစ်ခုဖြစ်သည်၊ ထိုချောဆီသည်အရိုးအဆစ်တွင်းထိုးသွင်းရသလိုဒူးဆစ်တွင်းကုန်ခန်းနေသောအအဆီများအစားထိုးရန်အတွက် ဖြည့်သွင်းနိုင်ပါသည်ဤရောဂါသည်စောစောရှာဖွေတွေ့ရှိခဲ့လျင် ကုသခံယူချိန်မှာသက်သာပျောက်ကင်းမြန်ပြီးကုန်ကျစရိတ်ပိုင်းဆိုင်ရာများလည်းသက်သာစေပါသည်၊ပုံမှန်အားဖြင့် ဒူးဆစ်ချောဆီဆေးထိုးနေသောလူနာများ၏ကုသမှုကြာချိန်သည် ရောဂါလက္ခဏာပေါ်မူတည်ပြီးဒူးဆစ်ချောဆီထိုးသွင်းရန်လူနာအများစုမှာတစ်ပတ်( ၁ )ကြိမ်ထိုးပြီး (၃-၅) ပတ်အထိ ဆက်တိုက်ဖြည့်သွင်းသွားရမှာဖြစ်ပါသည် ကုသမှုရလဒ်သည် လူနာ၏အရိုးအဆစ်ရောင်ရောဂါပေါ်မူတည်၍၆လမှ၁နှစ်ခန့်ကြာရှာစွာနေနိုင်ပြီးအစေားအသောက်ထိန်းရန်နှင့်ဆရာဝန်ညွန်ကြားသည့်အတိုင်းလိုက်နာဖို့လိုအပ်ပါသည်
- steroidal အသုံးမပြုပဲအရိုးအဆစ်နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းကို လျှော့ချပေးသည့်အကိုက်အခဲဆေးများ

3. ခွဲစိတ်ကုသခြင်း နည်းလမ်းများစွာရှိပါသည်။
- endoscopic နည်းလမ်းများ အသုံးပြု၍ အဆစ်များကို ရှင်းလင်းခြင်း။ ရောင်နေသော synovial အရည်များ၊ အရိုးအပိုင်းအစများ၊ အရိုးနုများနှင့် အဆစ်အဆစ်များကို ဖြေလျော့ပေးသည်။ အဆစ်မျက်နှာပြင်ကို ချောမွေ့စေပြီး အရိုးနုအသစ်များ ဖြစ်ပေါ်လာစေရန် လှုံ့ဆော်ပေးသည်။
- ခြေထောက်ညှိခြင်း ခွဲစိတ်ခြင်း။ ခြေထောက်၏ အနည်းငယ် ပုံသဏ္ဍာန်ရှိသော တစ်ဖက်တွင် ယိုယွင်းနေသော အဆစ်များ တွင် အသုံးပြုသည်။ အဆစ်အသစ်နှင့် ခြေထောက်များ၏ ချိန်ညှိမှုကို ချိန်ညှိရန် ခွဲစိတ်မှုဖြစ်သည်။ နာကျင်မှုကို သက်သာစေပြီး အဆစ်အမြစ်များ သက်တမ်းကို တိုးစေသည်။
- ဒူးတု အစားထိုးခွဲစိတ်ခြင်း။ စုတ်ပြဲနေသော အဆစ်မျက်နှာပြင်ကို ဖယ်ရှားပြီး အတုအဆစ်မျက်နှာပြင်ဖြင့် အစားထိုးရန် ခွဲစိတ်မှုဖြစ်သည်။ အဆစ်မျက်နှာပြင် ပြင်းထန်စွာ တတ်ဆင်ထားသော လူနာများအတွက် သင့်လျော်ပါသည်။ ပုံပျက်ခြင်း သို့မဟုတ် တွယ်တာမှုများစွာ ရှိပါသည်။

4. အစားထိုးကုသမှု
ဆေးဖက်ဝင် တိုင်းရင်းဆေး ကုသမှု နှင့် နှိပ်နယ်ပေးခြင်း သို့မဟုတ် ကော်လာဂျင် အသုံးပြုပြီး ဂလူးကိုစမင်းကို စားသုံးခြင်းဖြင့် အရိုးအဆစ်ပြဿနာများဖြစ်ရန် နှေးကွေးစေပြီး အဆစ်အမြစ်ရောင်ရမ်းခြင်းပြဿနာများကို လျှော့ချပေးနိုင်သော အာဟာရနှင့် ပြန်လည်နုပျိုစေသော အာနိသင်များကို ပံ့ပိုးပေးသည့် သုတေသနရလဒ်များ ရရှိထားသည်။ အရိုးအဆစ်ရောင်ခြင်းသည် လူနေမှုပုံစံအပေါ် ကြီးမားစွာအကျိုးသက်ရောက်မှုရှိသော ရောဂါတစ်ခုဖြစ်သည်။ ထို့ကြောင့် ဒူးခေါင်းကျန်းမာရေးကို ယနေ့မှစပြီး မှန်ကန်သောနည်းလမ်းဖြင့် ဂရုစိုက်ပေးခြင်းသည်ကျွန်ုပ်တို့၏ ဒူးဆစ်များကို သက်တမ်းရှည်ကြာစွာ ပုံမှန်အတိုင်း အသုံးပြုနိုင်ပါသည်။

5. PRP သို့မဟုတ် Platelet Rich Plasma ထိုးဆေးသည် လူနာထံမှသွေးအနည်းငယ်ယူဖောက်၍ platelet ပလာစမာဖြစ်လာသည့်အထိ(photoctivation)ပြုလုပ်ပြီး နာကျင်မှုကိုသက်သာစေရန်ဒဏ်ရာလက္ခဏာပြသောနေရာကိုပြန်လည်ထိုးသွင်းပြီးအရွတ်များအရိုးအဆစ်များနှင့်အမျိုးမျိုးသောပျော့ပျောင်းနေသည့်တစ်သျှုးများရောင်ရမ်းခြင်းသို့မဟုတ်PRPသည်ယိုယွင်းပျက်စီးနေသောတစ်သျှုးများနှင့်အရွတ်များကိုပြုပြင်ပြောင်းလဲစေပြီးဆဲလ်အသစ်များပြန်လည်ဖြစ်ပေါ်လာခြင်းကိုအထောက်အကူပြုသည်၊သို့မဟုတ်လူနာများPRPထိုးသွင်းခြင်းသည်စုတ်ပြဲနေသောကြွက်သားများနှင့်သွေးခဲများကိုပြန်လည်အစားထိုးရန်ဖြစ်ပါသည်



PlateletPlasmaConcentration(PRP)မထိုးခင်သိထားသင့်သောအချက်များ
          PRPထိုးသွင်းခြင်းသည်အတော်လေးအန္တရယ်ကင်းသည်ဟုဆိုနိုင်ပါသည်ဘာလို့လဲဆိုတော့ လူနာသည်ကိုယ်သွေးကိုယူပြီးအသုံးပြုတာမို့ ဓာတ်မတည့်လက္ခဏာဖြစ်မှာကိုစိုးရိမ်စရာမလိုပါထို့အပြင် PRP ထိုးခြင်းသည်ဘေးတွက်ဆိုးကျိုးများနည်းပြီးသို့သော်အချဉ်ဓာတ်နှင့်အတူထုံဆေးထိုးခြင်းသည်Plateletလုပ်ဆောင်ချက်များကိုထိခိုက်စေနိုင်သည်ထို့ကြောင့်လူနာသည်နာကျင်မှုကိုသက်သာစေရန်အတွက်ထုံဆေးကိုအသုံးမပြုနိုင်သောကြောင့် ဆေးထိုးပြီးနောက် နာကျင်မှုကိုခံနိုင်ရည်ရှိရန်လိုအပ်ပါသည် နောက်ထပ်အရေးကြီးသည့်အချက်ကလူတိုင်းမှာPRPထိုးရန်မရနိုင်သောကြောင့် လူနာသည်ဆရာဝန်၏ဆုံးဖြတ်ချက်အရလိုက်နာရန်လိုအပ်ပါသည် ဆရာဝန်များအနေဖြင့်အမျိုးမျိုးသောအချက်များစွာနှင့်အတူကိုယ်တွင်းအင်္ဂါ သို့မဟုတ်ရောဂါရဲ့ပြန်းထန်မှုအတိုင်းအတာပဲဖြစ်ဖြစ်လူနာ၏ကျန်မာရေးအပါအဝင် ဆရာဝန်သည်ထည့်သွင်းစဉ်းစားရန်လိုအပ်ပါသည်

PRP မထိုးမီနှင့်ထိုးပြီးနောက် ဘယ်လိုပြင်ဆင်ရမလဲ?
          ဆေးမထိုးမီ2ပတ်အလိုတွင်သွေးဉများလုပ်ဆောင်မှုထိရောက်စေရန်ရောင်ရမ်းမှုသက်သာစေသောဆေးများသို့မဟုတ်စတီးရွိုက်ဆေးများဖြတ်ရန်ဆရာဝန်ညွန်ကြားသည့်အတိုင်းလိုက်နာရမည်
သွေးစစ်ရမည့်နေ့မတိုင်မီသွေးမပျစ်စေရန်ရေကိုလုံလောက်စွာသောက်သုံးခြင်းသည်လူနာထံမှသွေးစုပ်ယူရာတွင်ထိခိုက်မှုနည်းစေသည်
ထိုးပြီးနောက်ရောင်းရမ်းမှုသက်သာသောဆေးများနှင့်စတီးရွိုက်ဆေးများဆက်ဖြတ်ပြီးအကယ်၍အရမ်းနာကျင်လာလျင်ရေးနွေးအိတ်သို့မဟုတ်အကိုက်အခဲပျောက်ဆေးများသောက်သုံးနိုင်ပါသည်
  •  ၁ ခါထိုးပြီးရင် ထိရောက်မှုဘယ်လောက်အချိန်ကြာနေနိုင်သလဲ?
  • ကုသမှု၏ထိရောက်မှုမှာ ၆လမှ ၂နှစ်အထိ ကြာမြင့်စွာခံပြီး ထပ်ခါထပ်ခါထိုးနိုင်ပါသည်ကြွက်သားအုပ်စုများကုသရာတွင်အရွတ်များကုသမှုထက်အချိန်သုံးနည်းပြီးအဆစ်များ၏အနေအထားနှင့်အရွယ်အစားသည်ကုသမှု၏ကြာချိန်နှင့်ရလဒ်အပေါ်သက်ရောက်မှုရှိသည်
  •  ဒဏ်ရာများအတွက်ချက်ချင်းကုသမှုခံယူခြင်းသည်တာရှည်စွာဖြစ်လာသောရောဂါကုသခြင်းထက် မြန်မြန်သက်သာပျောက်ကင်းစေပါသည်
  • အရွတ်တစ်ခုလျှင် ၂-၃ ကြိမ်ခန့်ထိုးသွင်းရန်လိုအပ်ပြီး သို့မဟုတ် ဒဏ်ရာရသောကြွက်သားများသည် ဆရာဝန်၏ဆုံးဖြတ်ချက်ပေါ်မူတည်၍ တစ်ခါထိုးလျှင် ၇-၁၀ ရက်အထိခြားပြီးအနားယူရပါသည်
  •  ကုသမှုတစ်ခါခံယူလျှင် ၂ နာရီခန့်ကြာပါသည်
  •  ပြတ်သားသောအကျိုးသက်ရောက်မှုရလဒ်ကိုမြင်ရဖို့ ၄-၆ ပတ်လောက်ကြာပါသည်

          သို့သော် အရိုးအဆစ်ရောင်ရောဂါလက္ခဏာများဖြစ်ရာတွင် အသက်အရွယ်အရယိုယွင်းလာခြင်းဖသို့မဟုတ် အားကစား ပြုလုပ်ခြင်းကြောင့်မတော်တဆဖြစ်ခြင်း၊ဒူးဆစ်၊ပါးခုံးအဆစ်၊တံတောင်ဆစ်လက်ကောက်ဝတ်၊ခြေကျင်းဝတ် သို့မဟုတ်အရွတ်များနှင့်ကြွက်သားများအပါအဝင် အခြားအဆစ်များသည် PRP ထိုးဆေးမကုသခင် ဆရာဝန်သည် ဒဏ်ရာရတဲ့နေရာကိုသေချာစွာစစ်ဆေးပြီး ရောဂါလက္ခဏာများ အကဲဖြတ်ရန် မျော်လင့်ထားသည့်ရလဒ်များနှင့်လူနာအတွက်အကျိုးရှိဆုံးနှင့်အသင့်တော်ဆုံးကုသမှုကိုရွေးချယ်သည့်အပြင်လူနာရဲ့သဘောတူညီချက်ကိုနားထောင်ပေးပါသည်ထို့ကြောင့်ဆရာဝန်နှင့်ပြသပြီးသေချာစစ်ဆေးခြင်းသည်ရောဂါလက္ခဏာများနှင်ရောဂများအတွက် အသင့်တော်ဆုံးကုသမှုကိုဖြစ်ပေါ်စေရန် အရေးကြီးသော အထောက်အကူတစ်ခုဖြစ်သည်




Endoscopic ဒူးဆစ်ခွဲစိတ်ခြင်း... ဒူးနာရောဂါများအတွက် ဆန်းသစ်သော ကုသမှု
          လက်ရှိတွင်ခွဲစိတ်ကုသရန်လိုအပ်လောက်အောင်ပြင်းထန်သည့်ဒူးခေါင်းရောဂါသို့မဟုတ်ဒူးပြသာနာကိုခံစားရသောလူနာအများအပြားရှိပါသည်ခေတ်မှီသောနည်းပညာတွေနှင့်ကုသမှုအစီအစဉ်ကိုဖော်ပြရမယ်ဆိုရင်မှန်ပြောင်းခွဲစိတ်ကုသချင်းသည်လူနာအတွက်နာကျင်မှုတွေနည်းပါးပြီးပိုအဆင်ပြေစေတဲ့ရွေးချယ်မှုနည်းလမ်းတစ်ခုဖြစ်သည်ထို့အပြင်လူနာများအနေဖြင့်ခွဲစိတ်မှုအပြီးမှာပိုမိုမြန်ဆန်စွာသက်သာကောင်းမွန်လာပြီး နေ့စဉ်ဘဝလုပ်ငန်းများကိုလဲအချိန်တိုအတွင်းပြန်လည်လုပ်ဆောင်နိုင်ပါသည်

ဒူးဆစ်ခွဲစိတ်မှုဆိုတာဘာလဲ
          သေးငယ်သောခွဲစိတ်မှုတစ်ဆင့်မှကင်မရာထည့်သွင်းရန်သေးငယ်သောကိရိယာ(၂•၅) မီလီမီတာခန့်)ကိုအသုံးပြုရာတွင်ခွဲစိတ်ခြင်းကိုအထောက်အကူပြုစေသည့်အထူးနည်းပညာခွဲစိတ်ခြင်းဖြစ်ပါသည်။၎င်းသည်ဆရာဝန်များအနေဖြင့်ခွဲစိတ်ချိန်ကင်မရာနှင့်မှန်ဘီလူးများကိုအသုံးပြုရာမှာ(အယ်အီးဒီမျက်နှာပြင်ပေါ်တွင်တိုက်ရိုက်ပေါ်လွင်အောင်ကြည့်ရှု့နိုင်သောနည်းလမ်းသစ်ခွဲစိတ်ခြင်းဖြစ်ပါသည်။ဤကုသမှုနည်းလမ်းသည် ယခုအခါအလွန်အောင်မြင်သောခွဲစိတ်မှုနည်းလမ်းတစ်ခုဖြစ်ပြီးနာတာရှည်ဖြစ်နေသည့်အရိုးအဆစ်ရောဂါဝေဒနာတွေကိုဖြေရှင်းပေးနိုင်သောကုမှုနည်းလမ်းဖြစ်သည်။ပြဲနေသောဒူးအရွတ်ကိုခွဲစိတ်ပြုပြင်ရန်အရိုးတွင်းအပေါက်များကိုတူးဖော်ပြီးအရွတ်များအစားထိုးရန်အသုံးနည်းသည့်နေရာများတွင်ပြန်လည်ချုပ်လုပ်ခြင်းဖြစ်ပါသည်

ခွဲစိတ်ခြင်းသည်ဘယ်လောက်ကောင်းလဲ?
          မှန်ပြောင်းခွဲစိတ်ခြင်း၏ အထင်ရှားဆုံးသောအားသာချက်မှာ ခွဲစိတ်သည့်အခါ ခွဲစိတ်ဒဏ်ရာအလွန်သေးငယ်ပြီးအများစုမှာ(၃-၄မီလီမီတာ)ထက်မပိုသောကြောင့်ခွဲစိတ်ပြီးနောက်ပြန်လည်သက်သာလာရန်အချိန်အကြာကြီးဆေးရုံမှာနေစရာမလိုတဲ့အပြင်နာကျင်မှုများလည်းနည်းပါးစွာခံစားရပါသည်။ထို့အပြင်မှန်ပြောင်းနှင့်ခွဲစိတ်သည့်လူနာအများစုမှာဆေးရုံကို၁-၃ထိသာအိပ်ရပါသည်။မှန်ပြောင်းနှင့်ခွဲစိတ်ခြင်းသည်ရောဂါပိုကူစက်နိုင်ခြေကိုလျော့နည်းစေပြီးရောင်ရမ်းမှုကိုလဲပုံမှန်ခွဲစိတ်ကုသမှုထက်အလွန်နည်းပါတဲ့အပြင် ခွဲစိတ်မှုခံယူထားသောလူနာသည်လျင်မြန်စွာပိုမိုသက်သာပြီးရက်တိုတွင်းမှာ ဆေးရုံကနေဆင်းလို့ရပါသည်

ခွဲစိတ်မှုနောက်ပိုင်း ပြန်လည်ကောင်းမွန်လာသည့်အခြေအနေသည်် အောက်ပါဖော်ပြထားသည့်အတိုင်း
          ပုံမှန်သောအားဖြင့် ခွဲစိတ်ပြီး (၃) ရက်ခန့်အကြာတွင် ဆရာဝန်သည်လူနာအား ထိုင်ထလေ့ကျင့်ခန်းနှင့်လမ်းလျှောက်လေ့ကျင့်ခန်းအတူစတင်မည်ဖြစပါသည်။အိမ်မှာနေရင်းလမ်းလျှောက်ခြင်း (သို့မဟုတ် )ထိုင်ထ၊မတ်တပ်ရပ်ခြင်းပြုလုပ်ရာမှာ ချိုင်းထောက်ကိုအသုံးပြုခိုင်းပါသည်။၁-၂လကြာလေပြီးသောနောက်လမ်းကိုပုံမှန်နီးပါးလောက် လျှောက်နိုင်ပြီး မှန်ပြောင်းခွဲစိတ်မှုခံယူထားသောလူနာအများစုမှာ ရိုးရိုးပုံမှန်ခွဲစိတ်မှုတွေထက် ပိုမိုလျင်မြန်စွာ သာမန်ဘဝသို့ပြန်လည်ရောက်ရှိနိုင်ပါသည်၊ခွဲစိတ်ပြုလုပ်ခြင်းသည် လူနာအတွက်ခွန်အားဖြစ်စေမည့်အခြားကူညီမှုအားပေးခြင်းသည်၊ခန္ဓာကိုယ်၏ပုံမှန်အခြေအနေကိုလွယ်ကူစွာပြန်လည်ရရှိနိုင်ပါသည်။


ကျွနုပ်တို့ကိုဆက်သွယ်ရန်
02-577-8111 Ext. 1432
(တနင်္လာ-သောကြာ အချိန် 08.00-17.00)