သည်းခြေအိတ်ကျောက်တည်ခြင်းခွဲစိတ်ကုသရန်အတွက် သင့်ကိုယ်သင်ဘယ်လိုပြင်ဆင်ရမလဲ..?
Paolo Hospital Chokchai 4
အင်္ဂါအစိတ်အပိုင်းတွင်အမျိုးမျိုးသောစနစ်များကိုကောင်းမွန်စွာလုပ်ဆောင်နိုင်စေရန်အတွက်အရေးကြီးသောလုပ်ဆောင်ချက်တစ်ခုရှိသည်၊ ခန္ဓာကိုယ်စနစ်အတွက်ထိရောက်စွာအလုပ်လုပ်ရန်”သည်းခြေအိတ်” သည်အရေးကြီးသောလုပ်ဆောင်ချက်တစ်ခုလည်းဖြစ်ပြီးအကယ်၍သည်းခြေအိတ်သည် ပြဿနာများရှိလာပါကအခြားပြဿနာကိုပါထိခိုက်စေနိုင်ပြီး ချက်ချင်းခွဲစိတ်ကုသမှု မလုပ်ပါကအန္တရယ်ရှိနိုင်ပါသည်။



ခွဲစိတ်မှုမပြုမီ ကြိုတင်ပြင်ဆင်ခြင်း

သည်းခြေအိတ်ကျောက်တည်ခြင်းမခွဲစိတ်မီ ကြိုတင်ပြင်ဆင်ရမည့်အချက်တွေသည် ရိုးရိုးခွဲစိတ်မှုနှင့်တူညီသောအချက်တွေဖြစ်ပြီး ခွဲစိတ်မှုမပြုမီ အနည်းဆုံး 6-8 နာရီအတွင်းအစာနှင့်ရေကိုဖြတ်ထားရမှာဖြစ်ပါသည်၊ ဆေးလိပ်နှင့်အရက် သောက်သောသူများသည်အနည်းဆုံး 48 နာရီ ဖြတ်ထားရမှာဖြစ်ပြီး မခွဲစိတ်မီ  အနည်းဆုံး6နာရီးမှ 8 နာရီ အထိ အနားယူရန်လိုအပ်ပါသည်၊အကယ်၍နာတာရှည်ရောဂါရှိပြီးအမြဲစွဲသောက်နေရမည့် စားဆေး/ထိုးဆေးတွေရှိပါကခွဲစိတ်မှုမပြုမီဆရာဝန်နှင့်သူနာပြုတို့အားအကြောင်းကြားရန်လိုအပ်ပါသည်၊ဆရာဝန်သည် လူနာပုံမှန်စွဲသောက်နေသည့်ဆေးကို ခွဲစိတ်မှုမပြုခင် ဆေးများ ဆက်သောက်ရန်လိုမလို   ဆုံးဖြတ်ရမှာဖြစ်ပါသည်။



ဘယ်လို သည်းခြေအိတ်ကျောက်တည်ခြင်းခွဲစိတ်မှုမျိုးကကောင်းသလဲ..?

ပုံမှန်အားဖြင့် သည်းခြေအိတ်ကျောက်တည်ခြင်းကိုခွဲစိတ်ကုသမှုနည်း(၂)မျိုးဖြင့် ကုသနိုင်ပါသည်

1.ဝမ်းဗိုက်ဖွင့်ခွဲစိတ်ခြင်း (Open Cholecystectomy)
2.မှန်ပြောင်းခွဲစိတ်ခြင်း   (Laparoscopic Cholecystectomy)

သည်းခြေအိတ်ရောင်ခြင်း သို့မဟုတ်  ဝမ်းဗိုက်အတွင်းပေါက်ပြဲသွားသည့်ကိစ္စများဖြစ်ပေါ်လာပါက ညာဘက်နံရိုးအောက်တွင် 10 cm ရှည်လျားသောဒဏ်ရာဖြင့် ဝမ်းဗိုက်ဖွင့်ခွဲစိတ်ခြင်းကုသမှုနည်းလမ်းကို ပြုလုပ်ရမှာဖြစ်ပြီး မှန်ပြောင်းနှင့်ခွဲလို့ရသောရောဂါအေခြေအနေသည်ပြင်းထန်သောရောင်ရမ်းခြင်း၊ပြည်တည်နာဖြစ်ခြင်းသို့မဟုတ်ပန်ကရိယရောင်ရမ်းခြင်းပြဿနာများမရှိမှသာလျင်မှန်ပြောင်းခွဲစိတ်ခြင်းကိုရွေးချယ်ပြုလုပ်မှာဖြစ်ပါသည်



မှန်ပြောင်းနှင့်သည်းခြေအိတ်ကျောက်တည်ခြင်းကိုခွဲစိတ်ရာတွင်ဒဏ်ရာသေး၍အမြန်ပြန်လည်ကောင်းမွန်လာခြင်
မှန်ပြောင်းခွဲစိတ်မှုအတွက်ဆရာဝန်သည် ဝမ်းဗိုက်တွင် 0.5-2 cm အရွယ်အစားခန့်ရှိသော အပေါက်ငယ်
၂-၃ ပေါက်ကိုပြုလုပ်မည်ဖြစ်ပြီးဓာတ်မီးနှင့်ကင်မရာတစ်ခုပါရှိသည့်ပြွန်တစ်ခုကိုထည့်သွင်းသည့်အခါ ရုပ်ပုံအားမော်နီတာသို့ပေးပို့ပြီးဆရာဝန်သည်ရုပ်မြင်သံကြားဖန်သားပြင်မှတိကျစွာခွဲစိတ်နိုင်ရန်သာမက ဒီခွဲစိတ်မှုဟာ ဒဏ်ရာသေးငယ်သည့်အပြင် နာကျင်မှုကိုသက်သာစေပြီး ဆေးရုံမှာ
၁-၂ရက်သာကြာမြင့်ပါသည်။




ခွဲစိတ်မှုနောက်ပိုင်းသင့်ကိုယ်သင်ဘယ်လိုပြုမူရမလဲ
  • အစာမစားဘဲ 4-6 နာရီအထိရှောင်ကြဉ်ပြီးနောက်နေ့မှ အရည်ဖြစ်သောအစာများကိုစားလို့ရပါသည်
  • ဒဏ်ရာကိုရေမစိုအောင် သတိုပြုခြင်း
  • အလေးအပင်မ ရန်ရှောင်ကြဉ်ခြင်း
  • ဆေးလိပ်သောက်ခြင်းမှရှောင်ကြဉ်ခြင်း
  • အစာမကြေ၊ဝမ်းချုပ်စေသောအဆီ၊အသား အခြားအစားအစာများကိုရှောင်ကြဉ်ခြင်


ကျွန်ုတို့သည် အဆီများသောအစားအစာများကိုရှောင်ကျဉ်ခြင်း၊ကိုယ်အလေးချိန်ထိန်းခြင်းနှင့်လေ့ကျင်ခန်းပုံမှန်လုပ်ပြီး မိမိကိုယ်ကိုဂရုစိုက်ခြင်းသည်ရောဂါဖြစ်နိုင်ခြေများကိုလျှော့ချနိုင်ပါသည်၊ကျန်းမာရေးကိုနှစ်တိုင်းပုံမှန်စစ်ဆေးရန်မမေ့ဖို့လိုပါသည်။