ရင်သားအရည်အိတ်ခွဲစိတ်မှုနှင့်ရင်သားကင်ဆာခွဲစိတ်ခြင်း
Paolo Hospital Chokchai 4
ဘဝတွင် မိမိကျန်းမာရေးကိုဂရုစိုက်ခြင်းအပြင် ခန္ဓာကိုယ်တွင်မူမမှန်ဖြစ်မဖြစ် စူးစမ်းလေ့လာရန်လည်း အရေးကြီးပါသည်၊အဘယ်ကြောင့်ဆိုသော်တစ်ရံမူမမှန်သောအရာသည် ကျွန်ုပ်တို့၏ခန္ဓာကိုယ်တွင် တိတ်ဆိတ်ငြိမ်သက်စွာရှိနေတာမို့ မိမိကိုယ်ကိုစမ်းသပ်ခြင်းမလုပ်ပါက မသိနိုင်ပါဘူး၊ အများအားဖြင့် အမျိုးသမီးများ၏အဖြစ်များဆုံးဖြစ်သည့်ရင်သားပြသနာသည် သတိပြုရန်အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီးသတိမပြုပဲနေထိုင်ခြင်းသည် မူမမှန်သောရောဂါများဖြစ်ပေါ်လာလျင် ကြီးမားသောပြသနာဖြစ်နိုင်ချေများပါသည်။




“ရင်သားထဲရှိနေသောအရည်အိတ်နှင့်အကျိတ်” သိကောင်းစရာကွာခြားချက်

လူတော်တော်များများသည် အရည်အအိတ်နှင့်အကျိတ်များအကြောင်း နားလည်မှုလွဲနေတာကိုတွေ့ရပါသည် တစ်ချို့လူတွေက ပြသနာတစ်ခုထဲလို့ထင်နေကြပြီးတကယ်တော့ဒီနှစ်ခုကမတူပါဘူး ဒါပေမဲ့ ရင်သားအနားတစ်မိိဝိုက်မိကိုယ်တိုင်စမ်းသပ်ကိုင်တွယ်တွေ့ရှိနိုင်ပါသည် တွေ့ရှိနေသောအလုံးသည် အမျိုးအစား(၃)မျိုးခွဲခြားနိုင်ပြီးအရည်အိတ် သို့မဟုတ် ရိုးရိုးအကျိတ်နှင့်ကင်ဆာအကျိတ်တို့ဖြစ်ပါသည် အရည်အိတ်ရှိနေသောလူအများစုမှာ ရင်သားအတွင်းနာကျင်မှုခံစားရပြီးရိုးရိုးအကျိတ်နှင့် ကင်ဆာအကျိတ်သည်နာကျင်မှုလက္ခဏာပြသခြင်းမရှိတာကိုတွေ့ရပါသည်ထို့ကြောင့်နာကျင်မှုလက္ခမပြဘူးဆိုပြီးလူအများစုမှာအဲ့ဒီအကျိတ်ကိုဂရုမစိုက်ပဲ ကြီးလာသည့်အထိအချိန်ကြာမြှင့်စွာလွတ်ထားပြီး နောက်ဆုံးသေချာစစ်ဆေးပြီးကင်ဆာအကျိတ်လို့သိလိုက်မှနောင်တအကြီးကြီးရသွားတာကိုမြင်တွေ့ရပါသည်။



ရင်သားအတွင်းရှိအရည်အိတ်ပတ်ပတ်လည်တွင် Mammary Gland ဆဲလ်များရှိနေသောကြောင့် ရင်သားကို ပုံသဏ္ဍာန်ပြောင်းသွားစေနိုင်ပါသည် ထိုအရည်အိတ်သည် ကင်ဆာ၏ကနဦးလက္ခာမဟုတ်သောကြောင့် ရင်သားကင်ဆာအဖြစ်သို့ပြောင်းလဲသွားမည်မဟုတ်ပါ ဒါပေမဲ့ အမျိုးသမီးရာသီအလိုက်  နာကျင်မှုကိုခံစားရပြီး အရွယ်အစားကြီးထွားခြင်းသို့မဟုတ်သေးလာတာမျိုးဖြစ်တတ်ပါသည်


ရင်သားအတွင်းရှိအလုံးအကျိတ်သည်MammaryGlandဆဲလ်များနှင့်ရင်သား၏တွယ်ဆက်တစ်ရှုးများစုစည်းသောကြောင့် တည်ရှိလာခြင်းဖြစ်သည်၊ ထိုအလုံးအကျိတ်သည်အမျိုးအစား(၂) မျိုးခွဲခြားရာတွင် ရိုးရိုးအကျိတ်နှင့်ကင်ဆာအဖြစ်ပြောင်းသွားနိုင်သောအကျိတ်ဖြစ်သည် ဤအကျိတ်အမျိုးအစားသည်ရှင်းလင်သောနယ်နမိတ်ဖြစ်သောကြောင့်ဆရာဝန်ကိုင်တွယ်စမ်းသပ်ခြင်းမှကြိုတင်သိရှိနိုင်ပါသည် ရင်သားကင်ဆာဖြစ်နိုင်ခြေများသောအလုံးအကျိတ်သည် နာကျင်မှုမရှိပဲတစ်ဖြည်းဖြည်းကြီးလာတာကိုသိရပြီးအခြားလက္ခဏာအပါအဝင် ဉပမာနို့တင်းပြီးနာကျင်ခြင်းနှင့်အရေပြားတင်းပြီးနာကျင်တာမျိုးရှိပါသည်