ရင်သားအရည်အိပ်ခွဲစိတ်မှုသည် ဘယ်လောက်လိုအပ်သလဲ ?
Paolo Hospital Chokchai 4
စစ်ဆေးဆေးချက်အရ ထိုအလုံးသည် ရိုးရိုအရည်အိပ်ဖြစ်သည်ဟုအတိအကျသိရှိပါက ခွဲစိတ်စရာမလိုပဲ အရည်ကိုအပ်နဲ့စုပ်ထုတ်ရုံဖြင့်ကုသနိုင်ပါသည် တစ်ချို့လူနာသည် နာကျင်မှုလက္ခဏာရှိသည့်အပြင် အလုံးကြီးထွားပြီးကင်ဆာအလုံးဟုသံသယရှိပါက စတင်ခွဲစိတ်ကုသမှုပြုလုပ်ရမှာဖြစ်သည် ဆရာဝန်၏ဆုံးဖြတ်ချက်အရအလုံးအကျိတ်ကိုခွဲထုတ်ခြင်းသည်ကောင်းကျိုးပေးတဲ့အပြင်ပြန်ဖြစ်နိုင်ခြေအလားလာနည်းပါသည်




“ရင်သားကင်ဆာ”ကုသရန်ခွဲစိတ်ခြင်း

ရင်သားကင်ဆာခွဲစိတ်ပြီးနောက်လူအများစုကအရင်လိုလှပတဲ့ရင်သားကိုပြန်လည်ပိုင်ဆိုင်နိုင်ပါ့မလားဆိုပြီးစိတ်ပူတတ်ကြတယ်။လက်ရှိမှာတော့ခွဲစိတ်မှုအပြီးမှာ ရင်သားနှစ်ဖက်စလုံးအရွယ်အစားတူညီအောင် ခွဲစိတ်မှုမပြုလုပ်မှီဆရာဝန်သည်သေချာစွာတိုင်းတာပြီးမှခွဲစိတ်မှုကိုစတင်ပြုလုပ်ခြင်းဖြစ်ပါသည်။ထို့နောက် ရင်သားအတွင်းရှိဆိုးရွားသောအလုံးအကျိတ်ဖယ်ရှာပြီးနှစ်ကိုယ်လှပသောရင်သားပုံစံကိုပြန်လည်ရရှိနိုင်ပါသည်၊ခွဲစိတ်ပြီးနောက်လူနာသည်ရင်သားပေါ်တွင်သွေးကြည်ဉတွေခဲပြီးဖြစ်သော်လည်း၂ပတ်အတွင်းမှာပျောက်သွားမည်ဖြစ်ပါသည်ဒဏ်ရာပျောက်သွားတဲ့အခါရင်သားကိုညင်သာစွာနှိပ်နယ်ခြင်းအားဖြင့်ခွဲစိတ်ပြီးနောက်ဖြစ်တတ်သောအမာရွတ်အသားမာတွေကိုလျှော့ချရန်ဖြစ်ပါသည်၊ကင်ဆာပြန်မဖြစ်အောင်အဆက်မပြတ်ဓာတ်ရောင်ပေးပြီးကုသသင့်ပါသည်


 
ရင်သားမှာအကျိတ်ရှိမှန်းမသိသေးတဲ့လူတွေအတွက်ကတော့  ရင်သားကင်ဆာပဲဖြစ်ဖြစ်အရည်အိပ် သို့မဟုတ်အကျိတ်ပဲဖြစ်ဖြစ်သင့်ရင်သားကိုအမြဲကိုင်တွယ်စမ်းသပ်စစ်ဆေးခြင်းအပါအဝင်ဆရာဝန်ဆီသွားပြီးတစ်နှစ်တစ်ခါအစစ်ဆေးစမ်းသပ်ခံရန်လိုအပ်ပါသည်၊ရင်သားကိုတစ်နှစ်တစ်ခါစစ်ဆေးခြင်းသည်ဖြစ်လာမယ့်ဆိုးကျိုများကိုကြိုတင်ကာကွယ်နိုင်ပါသည်၊ အရင်သိ၊အရင်ကုသခြင်းသည်ဆိုးကျိုးပေးသောရောဂါများ ဘဝကနေ အလွယ်တစ်ထွက်သွားမှာဖြစ်ပါသည်