ရင်သားကျန်းမာရေးအတွက် အမျိုးသမီးတိုင်းသိထားသင့်သောအချက်များ
Paolo Hospital Chokchai 4
05-Sep-2023
ရင်သားကျန်းမာရေးအတွက် အမျိုးသမီးတိုင်းသိထားသင့်သောအချက်များ
အမျိုးသမီးရင်သားနှင့်ပတ်သက်သောအကြောင်းအရာများပြောမယ်ဆိုရင် လူအတော်များကအရွယ်အစားကိစ္စအပေါ်အာရုံစိုက်တာကိုမြင်တွေ့ရသလိုအချို့သောလူတစ်စုမှာလည်းဘဲရင်သားတွင်ဖြစ်နိုင်ချေရှိတဲ့အန္တရယ်တွေကိုစိုးရိမ်နေတတ်ကြပါသည်။ဤအရေးကြီးသောအင်္ဂါသည်အမျိုးမျိုးသောရောဂါများသို့မဟုတ်မူမမှန်မှုများအဖြစ်သို့ပြောင်းလဲသွားနိုင်သည့်ပြောင်းလဲမှုများစွာကိုကြုံတွေ့ရနိုင်သောကြောင့်ဖြစ်သည်။


ရင်သား၏ဖွဲ့စည်းပုံကိုသိအောင်လေ့လာခြင်း
အမျိုးသမီးတစ်ဦး၏ရင်သားအတွင်းတွင် နို့ဂလင်းများ15-20ထိပါရှိပြီး အဲ့ဒီထဲမှာနောက်ထပ်အများကြီးသေးငယ်သောနို့ဂလင်းများ၏အဆုံးတွင်အိတ်ငယ်လေးတွေပါဝင်နေပါသည်အဲ့တာတွေအားလုံးသည်နို့ပြွန်တွေနဲ့ချိတ်ဆက်ပြီးနို့သီးခေါင်းတွေမှာအဆုံးသတ်ပါသည်၊နို့ဂလင်းများနှင့်နို့ပြွန်ကြားနံရိုးအထက်တွင်ရှိသောရင်သားကိုပံ့ပို့ပေးမည့်ကြွက်သားများနှင်အဆီများပါဝင်ပါသည်။


ရင်သားကျန်းမာရေးကိုဘယ်လိုသတိထားပြီးဂရုစိုက်ရမှာလဲ
အမျိုးသမီးများအတွက် အသိပညာဗဟုသုတရှိရန် သင့်ရင်သားနှင့်ပတ်သက်သောမည်သည့်ရောဂါမှကင်းဝေးစေရန်အတွက် ရင်သားကို ကိုယ်တိုင်စစ်ဆေးစမ်းသပ်နိုင်ပါသည်၊အရွယ်ရောက်ရာသီလာခြင်း၊ကိုယ်ဝန်ရှိခြင်း၊ကလေးနို့တိုက်ခြင်း၊ပဋိသန္ဓေတားဆေးအသုံးပြုခြင်းသည်အမျိုးမျိုးသောပြောင်းလဲမှုများအရရင်သား၏အသွင်အပြင်ကိုပြောင်းလဲသွားစေသည်သွေးဆုံးချိန်တွင်မိမိရင်သားကိုပုံမှန်ကိုင်တွယ်စမ်းသပ်ခြင်းသည်ရင်သား၏မူလပုံစံမှ ပုမှန်မဟုတ်သောလက္ခဏာများရှိနေသည်ကို သင်ကိုယ်တိုင်သိစေမည်ဖြစ်သည်၊အသက်၂၀နှစ်အထက်အမျိုးသမီးများသည် ရင်သားပုံမှန်မဟုတ်ခြင်း ရှိမရှိ လစဉ်ပုံမှန် ကိုယကိုတိုင်စစ်ဆေးသင့်ပါသည်။

ရင်သားကို ကိုယ်ကိုတိုင်စစ်ဆေးခြင်းသည် ခက်ခဲသောအရာများမဟုတ်ပါဘူ
ရာသီလာပြီးနောက်ပိုင်း ၇-၁၀ရက် အကြာတွင် ရင်သားကိုစမ်းသပ်ရန်အသင့်တော်ဆုံးအချိန်ဖြစ်ပါသည် ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်သည် ရင်သား၏တင်းကြပ်မှုများလျှော့နည်းသွားသောကြောင့်စမ်းသပ်ရာတွင်မှာယွင်းမှုများဖြစ်နည်းပါသည်၊မှန်ရှေ့တွင်ရပ်ပြီး လက်ကိုတွဲလောင်းသောအနေအထားဖြင့်ရင်သားပုံမမှန်မှုများကိုကြည့်ရန် ရင်သားကိုလက်သုံးချောင်း၏ထိပ်ဖြားဖြစ်သောလက်ညိုး လက်ခလယ် လယ်သူကြွယ်သည် ရင်သားကိုဖိပြီးညာဘက်ရင်သားကိုဘယ်ဘက်လက်ကိုသုံးဖိ၍ နာရီလက်တံအတိုင်းလှည့်ခြင်းဖြင့်ရင်သားတစ်ခုလုံးနှင့်ချိုင်းအောက်ထိစမ်းသပ်နိုင်ပါသည် ပုံမှန်မဟုတ်သောအကျိတ်များတွေ့ရှိပါက ဆရာဝန်နှင့်ပြသရန်အချိန်မဆွဲသင့်ပါဘူး တွေ့ရှိသောအဖုအကျိတ်သည် အန္တရယ်ရှိမရှိ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှသာလျှင်တိကျသော အဖြေတစ်ခုကိုသိရပါသည် အမျိုးသမီးများ၏ရင်သားသည် အလွန်သိမ်မွေ့ပြီး အမြဲသတိထားရန်လိုအပ်ကြောင်းတွေ့ရှိရသည် လျစ်လျူမရှုသင့်သောအရေးကြီးသောအချက်များသည်ရင်သားကိုပုံမှန်စစ်ဆေးပြီးရင်သားပုံသဏ္ဍန်ကိုစောင့်ကြည့်ခြင်းအပါအဝင်ရင်သားဧရိယာ၌ဖြစ်ပေါ်တတ်သောလက္ခဏာများသည်ရင်သားအတွင်းပိုင်းကျန်းမာရေးကိုညွန်ပြသည့်လက္ခဏာတစ်ခုဖြစ်နေသောကြောင့်အကဲဖြတ်ရန်နှင့်ရောဂါရှာဖွေရန်ဆေးဘက်ဆိုင်ရာကျွမ်းကျင်သောဆရာဝန်နှင့်တိုင်ပင်ဖို့လိုအပ်ပါသည်။း

ရင်သားကင်ဆာစစ်ဆေးခြင်းသည်အမျိုးသမီးများ လျစ်လျူမရှုသင့်သောအရေးကြီးကိစ္စ
လက်ရှိတွင်ရင်သားကင်ဆာသည် ထိုင်းအမျိုးသမီးများသေဆုံးသည့် နံပတ်(၁)အကြောင်းအရင်းဖြစ်လာသောကြောင့် လက်ရှိအချိန်တွင်အစားအစာအမျိုးမျိုးသည်ဝက်သားနှင့်ကြက်သားများတွင်ကြီးထွားမြန်စေသည့်ဟော်မုန်းများကဲ့သို့သောဓာတုပစ္စည်းများပါဝင်လေ့ရှိသောကြောင့်အဆိုပါဟော်မုန်းများသည်ဆဲလ်တွေကိုကြီးထွားစေရန်လှုံ့ဆော်ပးပြီးမိန်းကလေးတွေကိုမူမမှန်တာကနေကင်ဆာဖြစ်စေတဲ့အထိဖြစ်နိုင်ပါသည် လူအတော်များသည်၎င်းတို့၏အန္တရယ်ကိုလျှောချရန်ရွေးချယ်ခြင်းကတော့ “Digital Mammogram”ပဲဖြစ်ပါသည်။

အန္တရယ်ဖြစ်သော”ရင်သားကင်ဆာ”သည် ဘယ်သူမှမကြုံချင်ကြပါဘူး       
ရင်သားကင်ဆာသည် နို့ရည်ဂလင်းများသို့မဟုတ်နို့ပြွန်အတွင်း ပုံမှန်မဟုတ်သောဆဲလ်များကွဲပြားခြင်းကြောင့် ဖြစ်ပွါးခြင်းဖြစ်သည် ကင်ဆာအကျိတ်ကြီးမားပါကချိုင်းအောက်မှာရှိသောLymph nodeများသို့ပြန့်နှံ့သည့်အပြင် အသည်း၊အဆုတ်နှင့်ဦးနှောက်စသည့်အခြားအင်္ဂါများဆီသို့ပြန့်နှံ့သွားနိုင်ပါသည်ထို့ကြောင့် အကျိတ်သည်သေးငယ်ပြီးမပြန့်ပွါးသောအခါတွင်ရင်သားကင်ဆာကိုစောစီးစွာသိရှိရန်အလွန်အရေးကြီးပါသည် အဘယ်ကြောင့်ဆိုသော်၎င်းသည်ရောဂါကိုပျောက်ကင်းရန်အခွင့်အလမ်းကို ပို၍တိုးမြှင့်စေသောကြောင့်ဖြစ်သည်။  

ရင်သားကင်ဆာစစ်ဆေးခြင်း အသက် 35 နှစ် အထက်ဘာကြောင့်ဖြစ်ဖို့လိုတာလဲ 
ကိန်းဂဏန်းအရ အမျိုးသမီး( ၉) ယောက်မှာ( ၁ )ယောက်ဟာ သူတို့ရဲ့ဘဝမှာတချိန်မှာရင်သားကင်ဆာကိုခံစားနေကြရတယ်လိုဆိုပါတယ်ဒါကြောင့်ကြိုတင်ကာကွယ်ဖို့နည်းလမ်းကိုနှစ်စဉ်နှစ်တိုင်းစစ်ဆေးဖို့လိုအပ်ပြီးအထူးသဖြင့်အသက်(၃၅)နှစ်အထက်အမျိုးသမီးများအတွက်စမ်းသပ်ရန်အသင့်တော်ဆုံးအသက်ဖြစ်သည်။အသက်(၃၅)အောက်အမျိုးသမီးများသည်ရင်သားအတွင်းရှိတစ်သျှုးများအလွန်သိပ်သည်းနေသောကြောင့်ဓာတ်မှန်ရိုက်ချက်များသည်အလွန်ဖြူဖွေးနေကာရင်သားတစ်သျှုးများသည်ကင်ဆာအလုံးကိုရှင်းရှင်းလင်းလင်းမမြင်ရသည်အထိဖုံးကွယ်ထားပြီး ခွဲခြားစိတ်ဖြာမှုရလဒ်များကို တိကျမှုနည်းစေပါသည်ရင်သားသည်အသက်အရွယ်အရပြောင်းလဲလာပါသည်။ ထို့ကြောင့် ဤစစ်ဆေးမှုမျိုးသည် အသက်(၃၅)နှသ်နှင်အထက် အမျိုးသမီးများသာသင့်လျော်ပြီး အစောပိုင်အဆင့်တွင် ကင်ဆာကိုရှာဖွေရန် သို့မဟုတ် ကင်ဆာဖြစ်စေမည့်အပြောင်းအလဲများကိုရှာဖွေခြင်းသည် အချိန်မီကုသရန်အခွင့်အလမ်းများကိုလဲ တိုးမြင့််လာမည်ဖြစ်သည်။ 

ရင်သားစစ်ဆေးခြင်းအတွက်သင့်လျော်သောအသက် 
အသက်(၄၀ ) နှစ်နှင့်အထက် အမျိုးသမီးများအတွက် တစ်နှစ်လျှင်တစ်ကြိမ်စစ်ဆေးရန် အကြံပေးချင်ပါသည်၊အသက် ( ၃၅ ) နှစ်နှင့်အထက်အမျိုးသမီးများအတွက် ၂ နှစ်တစ်ကြိမ်စစ်ဆေးရန်အကြံပြုထားသော်လည်း အကြောင်းအရင်းမှားရှိလျှင် တစ်နှစ်တစ်ကြိမ်စစ်ဆေးရန်အကြံပြုချင်ပါသည်။ 

စစ်ဆေးခြင်းနည်းလမ်းသည် ဘယ်လောက်ကောင်းသလဲ
ဒစ်ဂျစ်တယ်မားမိုဂရမ်(Digital Mammogram)ဖြင့်ရင်သားကင်ဆာစစ်ဆေးခြင်းသည် ယနေ့ခေတ်တွင် အလွန်ထိရောက်သော အထူးဓာတ်မှန်စစ်ဆေးမှုဖြစ်ပြီး အစောပိုင်းအဆင့်တွင်ဖြစ်သောရင်သားကင်ဆာကိုသိရှိနိုင်ပြီးဝန်ဆောင်မှုအသုံးပြုသူသည်ပုံမှန်ဓာတ်မှန်ရောင်ခြည်ထက် 30-60% နည်းသည့်အပြင်မတူညီသော အဆီနှင့်တစ်သျှုးအမျိုးအစားများကို ခွဲခြားနိုင်စွမ်းရှိပါသည် ၎င်းသည်ရင်သား၌ရှိသော အစောပိုင်းကင်ဆာတစ်သျှုးများကို နေရာအတိအကျ ရှင်းလင်းပြတ်သားစွာမြင်နိုင်သောကြောင့် ရင်သားတွင်ရှိသောမူမမှန်မှုများကို ပိုမိုလျင်မြန်စွာရှာဖွေတွေ့ရှိနိုင်ပါသည် ၎င်းသည် 90%အထိ တိကျသောရလဒ်များကိုပေးစွမ်းနိုင်မှုရှိပြီး ရင်သားကိုထိခိုက်မှုလုံးဝမဖြစ်စေပါ  

“ကာကွယ်ခြင်း”သည် “ကုသ”ခြင်းထက်ကောင်းကျိုးပြုခြင်း   
ကျန်းမာရေးစောင့်ရှောက်မှုကြောင့်အချိန်မနှောင်းမီထိရောက်သောကုသမှုအစီအစဉ်တစ်ခုရရှိရန် အသက်(၃၅)အထက်အမျိုးသမီးတိုင်းတစ်နှစ်လျှင်တစ်ကြိမ် စစ်ဆေးမှုပြုလုပ်သင့်ပါသည်ရောဂါမဖြစ်ပွါးမီကြိုတင်ကာကွယ်ခြင်းသည်ခန္ဓာကိုယ်ကိုသိသိကြီးနှင့်ပုံမှန်စစ်ဆေးခြင်းအပြင်အနားယူရန်နှင့်လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းအပါအဝင်အန္တရယ်အမျိုးမျိုးကိုရှောင်ရှားခြင်းဖြစ်ပါသည်အစားအသောက် အုပ်စု ၅ မျိုးလုံးစားသုံးခြင်း၊ဆေးလိမ်သောက်ခြင်း၊အရက်နှင့်အဆီများသောအစားအစာကိုလျှော့စားခြင်းသည် ရင်သားကင်ဆာဖြစ်နိုင်ခြေနားပါးစေပါသည်။ 

ရင်သားအရည်အိတ်ခွဲစိတ်မှုနှင့်ရင်သားကင်ဆာခွဲစိတ်ခြင်

ဘဝတွင် မိမိကျန်းမာရေးကိုဂရုစိုက်ခြင်းအပြင် ခန္ဓာကိုယ်တွင်မူမမှန်ဖြစ်မဖြစ် စူးစမ်းလေ့လာရန်လည်း အရေးကြီးပါသည်၊အဘယ်ကြောင့်ဆိုသော်တစ်ရံမူမမှန်သောအရာသည် ကျွန်ုပ်တို့၏ခန္ဓာကိုယ်တွင် တိတ်ဆိတ်ငြိမ်သက်စွာရှိနေတာမို့ မိမိကိုယ်ကိုစမ်းသပ်ခြင်းမလုပ်ပါက မသိနိုင်ပါဘူး၊ အများအားဖြင့် အမျိုးသမီးများ၏အဖြစ်များဆုံးဖြစ်သည့်ရင်သားပြသနာသည် သတိပြုရန်အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီးသတိမပြုပဲနေထိုင်ခြင်းသည် မူမမှန်သောရောဂါများဖြစ်ပေါ်လာလျင် ကြီးမားသောပြသနာဖြစ်နိုင်ချေများပါသည်။ 

“ရင်သားထဲရှိနေသောအရည်အိတ်နှင့်အကျိတ်” သိကောင်းစရာကွာခြားချက်
လူတော်တော်များများသည် အရည်အအိတ်နှင့်အကျိတ်များအကြောင်း နားလည်မှုလွဲနေတာကိုတွေ့ရပါသည် တစ်ချို့လူတွေက ပြသနာတစ်ခုထဲလို့ထင်နေကြပြီးတကယ်တော့ဒီနှစ်ခုကမတူပါဘူး ဒါပေမဲ့ ရင်သားအနားတစ်မိိဝိုက်မိကိုယ်တိုင်စမ်းသပ်ကိုင်တွယ်တွေ့ရှိနိုင်ပါသည် တွေ့ရှိနေသောအလုံးသည် အမျိုးအစား(၃)မျိုးခွဲခြားနိုင်ပြီးအရည်အိတ် သို့မဟုတ် ရိုးရိုးအကျိတ်နှင့်ကင်ဆာအကျိတ်တို့ဖြစ်ပါသည် အရည်အိတ်ရှိနေသောလူအများစုမှာ ရင်သားအတွင်းနာကျင်မှုခံစားရပြီးရိုးရိုးအကျိတ်နှင့် ကင်ဆာအကျိတ်သည်နာကျင်မှုလက္ခဏာပြသခြင်းမရှိတာကိုတွေ့ရပါသည်ထို့ကြောင့်နာကျင်မှုလက္ခမပြဘူးဆိုပြီးလူအများစုမှာအဲ့ဒီအကျိတ်ကိုဂရုမစိုက်ပဲ ကြီးလာသည့်အထိအချိန်ကြာမြှင့်စွာလွတ်ထားပြီး နောက်ဆုံးသေချာစစ်ဆေးပြီးကင်ဆာအကျိတ်လို့သိလိုက်မှနောင်တအကြီးကြီးရသွားတာကိုမြင်တွေ့ရပါသည်။


-ရင်သားအတွင်းရှိအရည်အိတ်ပတ်ပတ်လည်တွင် Mammary Gland ဆဲလ်များရှိနေသောကြောင့် ရင်သားကို ပုံသဏ္ဍာန်ပြောင်းသွားစေနိုင်ပါသည် ထိုအရည်အိတ်သည် ကင်ဆာ၏ကနဦးလက္ခာမဟုတ်သောကြောင့် ရင်သားကင်ဆာအဖြစ်သို့ပြောင်းလဲသွားမည်မဟုတ်ပါ ဒါပေမဲ့ အမျိုးသမီးရာသီအလိုက်  နာကျင်မှုကိုခံစားရပြီး အရွယ်အစားကြီးထွားခြင်းသို့မဟုတ်သေးလာတာမျိုးဖြစ်တတ်ပါသည် 


- ရင်သားအတွင်းရှိအလုံးအကျိတ်သည်MammaryGlandဆဲလ်များနှင့်ရင်သား၏တွယ်ဆက်တစ်ရှုးများစုစည်းသောကြောင့် တည်ရှိလာခြင်းဖြစ်သည်၊ ထိုအလုံးအကျိတ်သည်အမျိုးအစား(၂) မျိုးခွဲခြားရာတွင် ရိုးရိုးအကျိတ်နှင့်ကင်ဆာအဖြစ်ပြောင်းသွားနိုင်သောအကျိတ်ဖြစ်သည် ဤအကျိတ်အမျိုးအစားသည်ရှင်းလင်သောနယ်နမိတ်ဖြစ်သောကြောင့်ဆရာဝန်ကိုင်တွယ်စမ်းသပ်ခြင်းမှကြိုတင်သိရှိနိုင်ပါသည် ရင်သားကင်ဆာဖြစ်နိုင်ခြေများသောအလုံးအကျိတ်သည် နာကျင်မှုမရှိပဲတစ်ဖြည်းဖြည်းကြီးလာတာကိုသိရပြီးအခြားလက္ခဏာအပါအဝင် ဉပမာနို့တင်းပြီးနာကျင်ခြင်းနှင့်အရေပြားတင်းပြီးနာကျင်တာမျိုးရှိပါသည်


ရင်သားအရည်အိပ်ခွဲစိတ်မှုသည် ဘယ်လောက်လိုအပ်သလဲ ?

စစ်ဆေးဆေးချက်အရ ထိုအလုံးသည် ရိုးရိုအရည်အိပ်ဖြစ်သည်ဟုအတိအကျသိရှိပါက ခွဲစိတ်စရာမလိုပဲ အရည်ကိုအပ်နဲ့စုပ်ထုတ်ရုံဖြင့်ကုသနိုင်ပါသည် တစ်ချို့လူနာသည် နာကျင်မှုလက္ခဏာရှိသည့်အပြင် အလုံးကြီးထွားပြီးကင်ဆာအလုံးဟုသံသယရှိပါက စတင်ခွဲစိတ်ကုသမှုပြုလုပ်ရမှာဖြစ်သည် ဆရာဝန်၏ဆုံးဖြတ်ချက်အရအလုံးအကျိတ်ကိုခွဲထုတ်ခြင်းသည်ကောင်းကျိုးပေးတဲ့အပြင်ပြန်ဖြစ်နိုင်ခြေအလားလာနည်းပါသည်


“ရင်သားကင်ဆာ”ကုသရန်ခွဲစိတ်ခြင်
ရင်သားကင်ဆာခွဲစိတ်ပြီးနောက်လူအများစုကအရင်လိုလှပတဲ့ရင်သားကိုပြန်လည်ပိုင်ဆိုင်နိုင်ပါ့မလားဆိုပြီးစိတ်ပူတတ်ကြတယ်။လက်ရှိမှာတော့ခွဲစိတ်မှုအပြီးမှာ ရင်သားနှစ်ဖက်စလုံးအရွယ်အစားတူညီအောင် ခွဲစိတ်မှုမပြုလုပ်မှီဆရာဝန်သည်သေချာစွာတိုင်းတာပြီးမှခွဲစိတ်မှုကိုစတင်ပြုလုပ်ခြင်းဖြစ်ပါသည်။ထို့နောက် ရင်သားအတွင်းရှိဆိုးရွားသောအလုံးအကျိတ်ဖယ်ရှာပြီးနှစ်ကိုယ်လှပသောရင်သားပုံစံကိုပြန်လည်ရရှိနိုင်ပါသည်၊ခွဲစိတ်ပြီးနောက်လူနာသည်ရင်သားပေါ်တွင်သွေးကြည်ဉတွေခဲပြီးဖြစ်သော်လည်း၂ပတ်အတွင်းမှာပျောက်သွားမည်ဖြစ်ပါသည်ဒဏ်ရာပျောက်သွားတဲ့အခါရင်သားကိုညင်သာစွာနှိပ်နယ်ခြင်းအားဖြင့်ခွဲစိတ်ပြီးနောက်ဖြစ်တတ်သောအမာရွတ်အသားမာတွေကိုလျှော့ချရန်ဖြစ်ပါသည်၊ကင်ဆာပြန်မဖြစ်အောင်အဆက်မပြတ်ဓာတ်ရောင်ပေးပြီးကုသသင့်ပါသည်


ရင်သားမှာအကျိတ်ရှိမှန်းမသိသေးတဲ့လူတွေအတွက်ကတော့ ရင်သားကင်ဆာပဲဖြစ်ဖြစ်အရည်အိပ် သို့မဟုတ်အကျိတ်ပဲဖြစ်ဖြစ်သင့်ရင်သားကိုအမြဲကိုင်တွယ်စမ်းသပ်စစ်ဆေးခြင်းအပါအဝင်ဆရာဝန်ဆီသွားပြီးတစ်နှစ်တစ်ခါအစစ်ဆေးစမ်းသပ်ခံရန်လိုအပ်ပါသည်၊ရင်သားကိုတစ်နှစ်တစ်ခါစစ်ဆေးခြင်းသည်ဖြစ်လာမယ့်ဆိုးကျိုများကိုကြိုတင်ကာကွယ်နိုင်ပါသည်၊ အရင်သိ၊အရင်ကုသခြင်းသည်ဆိုးကျိုးပေးသောရောဂါများ ဘဝကနေ အလွယ်တစ်ထွက်သွားမှာဖြစ်ပါသည်