Endoscopic ဒူးဆစ်ခွဲစိတ်ခြင်း... ဒူးနာရောဂါများအတွက် ဆန်းသစ်သော ကုသမှု
Paolo Hospital Chokchai 4
လက်ရှိတွင်ခွဲစိတ်ကုသရန်လိုအပ်လောက်အောင်ပြင်းထန်သည့်ဒူးခေါင်းရောဂါသို့မဟုတ်ဒူးပြသာနာကိုခံစားရသောလူနာအများအပြားရှိပါသည်ခေတ်မှီသောနည်းပညာတွေနှင့်ကုသမှုအစီအစဉ်ကိုဖော်ပြရမယ်ဆိုရင်မှန်ပြောင်းခွဲစိတ်ကုသချင်းသည်လူနာအတွက်နာကျင်မှုတွေနည်းပါးပြီးပိုအဆင်ပြေစေတဲ့ရွေးချယ်မှုနည်းလမ်းတစ်ခုဖြစ်သည်ထို့အပြင်လူနာများအနေဖြင့်ခွဲစိတ်မှုအပြီးမှာပိုမိုမြန်ဆန်စွာသက်သာကောင်းမွန်လာပြီး နေ့စဉ်ဘဝလုပ်ငန်းများကိုလဲအချိန်တိုအတွင်းပြန်လည်လုပ်ဆောင်နိုင်ပါသည်

 

ဒူးဆစ်ခွဲစိတ်မှုဆိုတာဘာလဲ
သေးငယ်သောခွဲစိတ်မှုတစ်ဆင့်မှကင်မရာထည့်သွင်းရန်သေးငယ်သောကိရိယာ(၂•၅) မီလီမီတာခန့်)ကိုအသုံးပြုရာတွင်ခွဲစိတ်ခြင်းကိုအထောက်အကူပြုစေသည့်အထူးနည်းပညာခွဲစိတ်ခြင်းဖြစ်ပါသည်။၎င်းသည်ဆရာဝန်များအနေဖြင့်ခွဲစိတ်ချိန်ကင်မရာနှင့်မှန်ဘီလူးများကိုအသုံးပြုရာမှာ(အယ်အီးဒီမျက်နှာပြင်ပေါ်တွင်တိုက်ရိုက်ပေါ်လွင်အောင်ကြည့်ရှု့နိုင်သောနည်းလမ်းသစ်ခွဲစိတ်ခြင်းဖြစ်ပါသည်။ဤကုသမှုနည်းလမ်းသည် ယခုအခါအလွန်အောင်မြင်သောခွဲစိတ်မှုနည်းလမ်းတစ်ခုဖြစ်ပြီးနာတာရှည်ဖြစ်နေသည့်အရိုးအဆစ်ရောဂါဝေဒနာတွေကိုဖြေရှင်းပေးနိုင်သောကုမှုနည်းလမ်းဖြစ်သည်။ပြဲနေသောဒူးအရွတ်ကိုခွဲစိတ်ပြုပြင်ရန်အရိုးတွင်းအပေါက်များကိုတူးဖော်ပြီးအရွတ်များအစားထိုးရန်အသုံးနည်းသည့်နေရာများတွင်ပြန်လည်ချုပ်လုပ်ခြင်းဖြစ်ပါသည်

 
ခွဲစိတ်ခြင်းသည်ဘယ်လောက်ကောင်းလဲ?
မှန်ပြောင်းခွဲစိတ်ခြင်း၏ အထင်ရှားဆုံးသောအားသာချက်မှာ ခွဲစိတ်သည့်အခါ ခွဲစိတ်ဒဏ်ရာအလွန်သေးငယ်ပြီးအများစုမှာ(၃-၄မီလီမီတာ)ထက်မပိုသောကြောင့်ခွဲစိတ်ပြီးနောက်ပြန်လည်သက်သာလာရန်အချိန်အကြာကြီးဆေးရုံမှာနေစရာမလိုတဲ့အပြင်နာကျင်မှုများလည်းနည်းပါးစွာခံစားရပါသည်။ထို့အပြင်မှန်ပြောင်းနှင့်ခွဲစိတ်သည့်လူနာအများစုမှာဆေးရုံကို၁-၃ထိသာအိပ်ရပါသည်။မှန်ပြောင်းနှင့်ခွဲစိတ်ခြင်းသည်ရောဂါပိုကူစက်နိုင်ခြေကိုလျော့နည်းစေပြီးရောင်ရမ်းမှုကိုလဲပုံမှန်ခွဲစိတ်ကုသမှုထက်အလွန်နည်းပါတဲ့အပြင် ခွဲစိတ်မှုခံယူထားသောလူနာသည်လျင်မြန်စွာပိုမိုသက်သာပြီးရက်တိုတွင်းမှာ ဆေးရုံကနေဆင်းလို့ရပါသည်


ခွဲစိတ်မှုနောက်ပိုင်း ပြန်လည်ကောင်းမွန်လာသည့်အခြေအနေသည်် အောက်ပါဖော်ပြထားသည့်အတိုင်

ပုံမှန်သောအားဖြင့် ခွဲစိတ်ပြီး (၃) ရက်ခန့်အကြာတွင် ဆရာဝန်သည်လူနာအား ထိုင်ထလေ့ကျင့်ခန်းနှင့်လမ်းလျှောက်လေ့ကျင့်ခန်းအတူစတင်မည်ဖြစပါသည်။အိမ်မှာနေရင်းလမ်းလျှောက်ခြင်း (သို့မဟုတ် )ထိုင်ထ၊မတ်တပ်ရပ်ခြင်းပြုလုပ်ရာမှာ ချိုင်းထောက်ကိုအသုံးပြုခိုင်းပါသည်။၁-၂လကြာလေပြီးသောနောက်လမ်းကိုပုံမှန်နီးပါးလောက် လျှောက်နိုင်ပြီး  မှန်ပြောင်းခွဲစိတ်မှုခံယူထားသောလူနာအများစုမှာ ရိုးရိုးပုံမှန်ခွဲစိတ်မှုတွေထက် ပိုမိုလျင်မြန်စွာ သာမန်ဘဝသို့ပြန်လည်ရောက်ရှိနိုင်ပါသည်၊ခွဲစိတ်ပြုလုပ်ခြင်းသည် လူနာအတွက်ခွန်အားဖြစ်စေမည့်အခြားကူညီမှုအားပေးခြင်းသည်၊ခန္ဓာကိုယ်၏ပုံမှန်အခြေအနေကိုလွယ်ကူစွာပြန်လည်ရရှိနိုင်ပါသည်။