ကိုယ့်ကျန်းမာရေးကိုကာင်းစေချင်သောလူအများစုမှာပြင်းထန်တဲ့ရောဂါက်ုဘယ်သူမှမလိုလားကြပါဘူး နှစ်စဉ်ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းအပြင် သင့်ကိုယ်ပိုင်ပြောင်းလဲမှုများကို မကြာခဏစောင့်ကြည့်ရန် အရေးကြီးပါသည်။ အရွယ်မတိုင်ခင် ဒူးအရိုးအဆစ်ပျက်စီးမှုမဖြစ်အောင် စောစောစီးစီး တားဆီးနိုင်တယ်ဆိုတာ သင်သိပါသလား။ သေးငယ်သော မူမမှန်မှုများကိုကိုယ်တိုင် သတိပြုခြင်းပဲဖြစ်ပါ။
မကြာခဏ ကျွန်ုပ်တို့သည် ကျန်းမာရေးကောင်းတယ်ဆိုပြီးမိမိကိုယ်ကို တွေးထင်တတ်ကြသည်။ တခါတရံ ကြီးကျယ်တဲ့ ရောဂါလက္ခဏာတွေကိုပဲသတိထားတတ်ကြပြီး သေးမွားသောကိစ္စဖြစ်တယ်လိုထင်တဲ့ ဒူးနာခြင်း၊ မတ်တပ်ရပ်ရန် ခက်ခဲခြင်း ဒူထောက်ချိန်မှာအသံကလော့ကလဲ့မြည်ခြင်း ဒီလိုရောဂါလက္ခဏာမျိုးသည် လူတိုင်းမှာပုံမှန်ဖြစ်နေကြတဲ့လက္ခဏာပါပဲလို့ထင်ပြီး အထူးဂရုမစိုက်ကြပါဘူး။ တကယ်တမ်းကြတော့ဒီလိုရောဂါလက္ခဏာမျိုးသည်ကုသခံယူခြင်းမလုပ်ပဲအချိန်ကြာရှည်စွာထားခြင်းသည် အရိုးအဆစ်ရောင်ရောဂါကိုသူ့အလိုလိုဖြစ်လာလိမ့်မည်
အမျိုးမျိုးသောလက္ခဏာများပြောရမယ်ဆိုရင်သူတို့ဟာအချိန်ကြာကြီးတစ်လျှောက်လုံးမှာကုသမှုကိုတစ်ခါမှခံယူမှုမရှိခြင်းဆရာဝန်တွေနဲ့လဲတိုင်ပင်ဆွေးနွေးမှုမရှိခြင်း ဤအရာအားလုံးသည် နောက်ဆုံးမှာ အရိုးအဆစ်ရောင်ခြင်းကို ဖြစ်စေသောအချက်တွေဖြစ်ပြီး ပြင်းထန်မှုအတိုင်းအတာသည် အခြားအပြုအမူများပေါ်တွင်မူတည်ခြင်းဖြစ်ပါသည်။
အစကဖြစ်ပေါ်သွားတဲ့ပုံမှန်မဟုတ်သောအရာများကိုကြိုတင်သတိထားခြင်းထို့အပြင်ကိုယ်ကျန်းမားရေးကို ဂရုစိုက်နိုင်အောင်ကြိုးစားပြီးခန္ဓာကိုယ်ရဲကျန်းမာမှုကိုဂရုစိုက်ခြင်းသည်ဒူးပျက်ခြင်းရဲ့လက္ခာကိုကာကွယ်ပေးနိုင်ခြင်းဖြစ်ပါသည်။ဉပမာ ဒူးနာခြင်းလက္ခဏာစတင်ခံစားရပါကဒူးရဲ့ထိခိုက်မှုကိုအထောက်အကူပြုစေမဲ့ ဒူးစွတ်ကိုအသုံးပြုဖို့လိုအပ်ပါသည်။ရေကူးခြင်း၊စက်ဘီးစီးခြင်းကဲ့သို့သင့်ဒူးပေါ်တွင် ထိခိုက်မှုနှင့်ပွတ်တိုက်မှုကို လျှော့ချစေမဲ့လေ့ကျင့်ခန်းမျိုးရှာဖွေဖို့လိုအပ်ပါသည်။အချိန်ကြာကြီးမတ်တတ်ရပ်ခြင်းနှင့်ကြာကြာထိုင်ခြင်းသည်မပြုသင့်သောအရာဖြစ်သည်၊ဒူးအရိုးအဆစ်ကို ထိခိုက်အန္တရယ်ပေးနိုင်သောအမူအကျင့်များသည်ရှောင်ရှားရမှာဖြစ်ပြီး ထိရောက်မှုမရှိသောကုသမှုနဲ့ကိုကိုယ်တိုင်မကုသဖို့တိုက်တွန်းခြင်ပါသည်၊ဖြစ်နိုင်လျင်အထူးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးရောဂါကုသခြင်းသည်ထိရောက်မှုရှိပြီးအကောင်းဆုံးနည်းနမ်းတစ်ခုဖြစ်ပါသည် ။