ရင်သားအရည်အိတ်ခွဲစိတ်မှုနှင့်ရင်သားကင်ဆာခွဲစိတ်ခြင်း
Paolo Hospital Rangsit
09-Jun-2023
ရင်သားအရည်အိတ်ခွဲစိတ်မှုနှင့်ရင်သားကင်ဆာခွဲစိတ်ခြင်း

          ဘဝတွင် မိမိကျန်းမာရေးကိုဂရုစိုက်ခြင်းအပြင် ခန္ဓာကိုယ်တွင်မူမမှန်ဖြစ်မဖြစ် စူးစမ်းလေ့လာရန်လည်း အရေးကြီးပါသည်၊အဘယ်ကြောင့်ဆိုသော်တစ်ရံမူမမှန်သောအရာသည် ကျွန်ုပ်တို့၏ခန္ဓာကိုယ်တွင် တိတ်ဆိတ်ငြိမ်သက်စွာရှိနေတာမို့ မိမိကိုယ်ကိုစမ်းသပ်ခြင်းမလုပ်ပါက မသိနိုင်ပါဘူး၊ အများအားဖြင့် အမျိုးသမီးများ၏အဖြစ်များဆုံးဖြစ်သည့်ရင်သားပြသနာသည် သတိပြုရန်အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီးသတိမပြုပဲနေထိုင်ခြင်းသည် မူမမှန်သောရောဂါများဖြစ်ပေါ်လာလျင် ကြီးမားသောပြသနာဖြစ်နိုင်ချေများပါသည်။



ရင်သားထဲရှိနေသောအရည်အိတ်နှင့်အကျိတ်” သိကောင်းစရာကွာခြားချက်
          လူတော်တော်များများသည် အရည်အအိတ်နှင့်အကျိတ်များအကြောင်း နားလည်မှုလွဲနေတာကိုတွေ့ရပါသည် တစ်ချို့လူတွေက ပြသနာတစ်ခုထဲလို့ထင်နေကြပြီးတကယ်တော့ဒီနှစ်ခုကမတူပါဘူး ဒါပေမဲ့ ရင်သားအနားတစ်မိိဝိုက်မိကိုယ်တိုင်စမ်းသပ်ကိုင်တွယ်တွေ့ရှိနိုင်ပါသည် တွေ့ရှိနေသောအလုံးသည် အမျိုးအစား(၃)မျိုးခွဲခြားနိုင်ပြီးအရည်အိတ် သို့မဟုတ် ရိုးရိုးအကျိတ်နှင့်ကင်ဆာအကျိတ်တို့ဖြစ်ပါသည် အရည်အိတ်ရှိနေသောလူအများစုမှာ ရင်သားအတွင်းနာကျင်မှုခံစားရပြီးရိုးရိုးအကျိတ်နှင့် ကင်ဆာအကျိတ်သည်နာကျင်မှုလက္ခဏာပြသခြင်းမရှိတာကိုတွေ့ရပါသည်ထို့ကြောင့်နာကျင်မှုလက္ခမပြဘူးဆိုပြီးလူအများစုမှာအဲ့ဒီအကျိတ်ကိုဂရုမစိုက်ပဲ ကြီးလာသည့်အထိအချိန်ကြာမြှင့်စွာလွတ်ထားပြီး နောက်ဆုံးသေချာစစ်ဆေးပြီးကင်ဆာအကျိတ်လို့သိလိုက်မှနောင်တအကြီးကြီးရသွားတာကိုမြင်တွေ့ရပါသည်။
  • ရင်သားအတွင်းရှိအရည်အိတ်ပတ်ပတ်လည်တွင်Mammary Gland ဆဲလ်များရှိနေသောကြောင့် ရင်သားကို ပုံသဏ္ဍာန်ပြောင်းသွားစေနိုင်ပါသည် ထိုအရည်အိတ်သည် ကင်ဆာ၏ကနဦးလက္ခာမဟုတ်သောကြောင့် ရင်သားကင်ဆာအဖြစ်သို့ပြောင်းလဲသွားမည်မဟုတ်ပါ ဒါပေမဲ့ အမျိုးသမီးရာသီအလိုက် နာကျင်မှုကိုခံစားရပြီး အရွယ်အစားကြီးထွားခြင်းသို့မဟုတ်သေးလာတာမျိုးဖြစ်တတ်ပါသည်

          ရင်သားအတွင်းရှိအလုံးအကျိတ်သည်MammaryGlandဆဲလ်များနှင့်ရင်သား၏တွယ်ဆက်တစ်ရှုးများစုစည်းသောကြောင့် တည်ရှိလာခြင်းဖြစ်သည်၊ ထိုအလုံးအကျိတ်သည်အမျိုးအစား(၂) မျိုးခွဲခြားရာတွင် ရိုးရိုးအကျိတ်နှင့်ကင်ဆာအဖြစ်ပြောင်းသွားနိုင်သောအကျိတ်ဖြစ်သည် ဤအကျိတ်အမျိုးအစားသည်ရှင်းလင်သောနယ်နမိတ်ဖြစ်သောကြောင့်ဆရာဝန်ကိုင်တွယ်စမ်းသပ်ခြင်းမှကြိုတင်သိရှိနိုင်ပါသည် ရင်သားကင်ဆာဖြစ်နိုင်ခြေများသောအလုံးအကျိတ်သည် နာကျင်မှုမရှိပဲတစ်ဖြည်းဖြည်းကြီးလာတာကိုသိရပြီးအခြားလက္ခဏာအပါအဝင် ဉပမာနို့တင်းပြီးနာကျင်ခြင်းနှင့်အရေပြားတင်းပြီးနာကျင်တာမျိုးရှိပါသည်

ရင်သားအရည်အိပ်ခွဲစိတ်မှုသည် ဘယ်လောက်လိုအပ်သလဲ ?
          စစ်ဆေးဆေးချက်အရ ထိုအလုံးသည် ရိုးရိုအရည်အိပ်ဖြစ်သည်ဟုအတိအကျသိရှိပါက ခွဲစိတ်စရာမလိုပဲ အရည်ကိုအပ်နဲ့စုပ်ထုတ်ရုံဖြင့်ကုသနိုင်ပါသည် တစ်ချို့လူနာသည် နာကျင်မှုလက္ခဏာရှိသည့်အပြင် အလုံးကြီးထွားပြီးကင်ဆာအလုံးဟုသံသယရှိပါက စတင်ခွဲစိတ်ကုသမှုပြုလုပ်ရမှာဖြစ်သည် ဆရာဝန်၏ဆုံးဖြတ်ချက်အရအလုံးအကျိတ်ကိုခွဲထုတ်ခြင်းသည်ကောင်းကျိုးပေးတဲ့အပြင်ပြန်ဖြစ်နိုင်ခြေအလားလာနည်းပါသည်




ရင်သားကင်ဆာ”ကုသရန်ခွဲစိတ်ခြင်
          ရင်သားကင်ဆာခွဲစိတ်ပြီးနောက်လူအများစုကအရင်လိုလှပတဲ့ရင်သားကိုပြန်လည်ပိုင်ဆိုင်နိုင်ပါ့မလားဆိုပြီးစိတ်ပူတတ်ကြတယ်။လက်ရှိမှာတော့ခွဲစိတ်မှုအပြီးမှာ ရင်သားနှစ်ဖက်စလုံးအရွယ်အစားတူညီအောင် ခွဲစိတ်မှုမပြုလုပ်မှီဆရာဝန်သည်သေချာစွာတိုင်းတာပြီးမှခွဲစိတ်မှုကိုစတင်ပြုလုပ်ခြင်းဖြစ်ပါသည်။ထို့နောက် ရင်သားအတွင်းရှိဆိုးရွားသောအလုံးအကျိတ်ဖယ်ရှာပြီးနှစ်ကိုယ်လှပသောရင်သားပုံစံကိုပြန်လည်ရရှိနိုင်ပါသည်၊ခွဲစိတ်ပြီးနောက်လူနာသည်ရင်သားပေါ်တွင်သွေးကြည်ဉတွေခဲပြီးဖြစ်သော်လည်း၂ပတ်အတွင်းမှာပျောက်သွားမည်ဖြစ်ပါသည်ဒဏ်ရာပျောက်သွားတဲ့အခါရင်သားကိုညင်သာစွာနှိပ်နယ်ခြင်းအားဖြင့်ခွဲစိတ်ပြီးနောက်ဖြစ်တတ်သောအမာရွတ်အသားမာတွေကိုလျှော့ချရန်ဖြစ်ပါသည်၊ကင်ဆာပြန်မဖြစ်အောင်အဆက်မပြတ်ဓာတ်ရောင်ပေးပြီးကုသသင့်ပါသည်

          ရင်သားမှာအကျိတ်ရှိမှန်းမသိသေးတဲ့လူတွေအတွက်ကတော့ ရင်သားကင်ဆာပဲဖြစ်ဖြစ်အရည်အိပ် သို့မဟုတ်အကျိတ်ပဲဖြစ်ဖြစ်သင့်ရင်သားကိုအမြဲကိုင်တွယ်စမ်းသပ်စစ်ဆေးခြင်းအပါအဝင်ဆရာဝန်ဆီသွားပြီးတစ်နှစ်တစ်ခါအစစ်ဆေးစမ်းသပ်ခံရန်လိုအပ်ပါသည်၊ရင်သားကိုတစ်နှစ်တစ်ခါစစ်ဆေးခြင်းသည်ဖြစ်လာမယ့်ဆိုးကျိုများကိုကြိုတင်ကာကွယ်နိုင်ပါသည်၊ အရင်သိ၊အရင်ကုသခြင်းသည်ဆိုးကျိုးပေးသောရောဂါများ ဘဝကနေ အလွယ်တစ်ထွက်သွားမှာဖြစ်ပါသည်



ကျွနုပ်တို့ကိုဆက်သွယ်ရန်
02-577-8111 Ext. 1432
(တနင်္လာ-သောကြာ အချိန် 08.00-17.00)